
ဂျက်ကင် ကိုတော့ ကျနော်တို့ အပြင်ထွက်တဲ့အခါ နေပူဒဏ်ကို ကာကွယ်ဖို့ဘဲ ဖြစ်ဖြစ် အလှဝတ်ဖြစ်ဖြစ် ဈေးကြီးကြီးတန်ဘဲ ဖြစ်ဖြစ် ဝတ်ဆင်နေကြပေမယ့် ဘယ်သူကမှတော့ ရုပ်ရှင်ထဲကလိုမျိုး နည်းပညာလုပ်ဆောင်ချက်တွေ ပါတဲ့ ဂျာကင်မျိုး မဝတ်နိုင်ကြသေးပါဘူး။ ဆန်းသစ်တီထွင်မှုမျိုးကို လူတိုင်းက အလိုရှိကြပါတယ်။ အဲ့ဒီလိုမျိုး နည်းပညာ လုပ်ဆောင်ချက်တွေပါဝင်တဲ့ စမတ် ဂျာကင်ကိုတော့ ကမ္ဘာ့ပထမဆုံး အနေနဲ့ Levisကနေ မိတ်ဆက်ကြေငြာလိုက်ပါပြီ။
Levis ဟာ Google နည်းပညာကုမ္ပဏီကြီးနဲ့ ပူးပေါင်းပြီး စမတ်ဂျာကင် တစ်မျိုးကို တီထွင်ဖန်တီးနေပါတယ်။ အဆိုပါ စမတ်ဂျာကင် အား Jacquard ပရောဂျက်အမည်နဲ့ ဆောင်ရွက်နေပြီး Fabric Technology ကို အသုံးပြုပြီး စမတ်ဖုန်းတွေကို ထိန်းချုပ်ခိုင်းစေအသုံးပြုနိုင်မှာပါ။
စမတ်ဖုန်းနဲ့ စမတ်ဂျာကင်ကို ချိတ်ဆက်ဖို့အတွက် Bluetooth ကို အသုံးပြုမှာ ဖြစ်ပြီး ဘယ်ဘက်လက်မောင်းအတွင်းမှာ Touchpad ကို ထည့်သွင်းပေးထားမှာ ဖြစ်ပါတယ်။ အဆိုပါ Touchpad ကနေ ဖုန်းကို ထိန်းချုပ်ရမှာ ဖြစ်ပြီး ဖုန်းကိုင်ခြင်း၊ သီချင်းဖွင့်ခြင်း အပြင် အခြားလုပ်ဆောင်ချက်တွေကိုလည်း လုပ်နိုင်မှာ ဖြစ်ပါတယ်။
အဆိုပါ စမတ်ဂျာကင်ကို ၂ရက်ခန့်အသုံးပြုနိုင်မှာ ဖြစ်ပြီး ဂျာကင်ကို အားပြန်သွင်းဖို့ လိုအပ်ပါတယ်။ ၂၀၁၇ ခုနှစ်ထဲမှာဘဲ ဈေးကွက်ထဲကို ရောက်ရှိမှာ ဖြစ်ပြီး စမတ်ဂျာကင်တစ်ထည်ကို အမေရိကန်ဒေါ်လာ ၃၅၀ နဲ့ တင်ပို့ရောင်းချသွားမှာ ဖြစ်ပါတယ်။ မြန်မာငွေနဲ့ တွက်ရင် 5သိန်းနီးပါးခန့်ရှိမယ်လို့ ယူဆရပါတယ်။
ဒါကြောင့် ဆန်းသစ်မြန်မာ ပရိတ်သတ်တို့လည်း အထာကျကျ စမတ်ဂျာကင်လေး လိုချင်ရင်တော့ Levis ရဲ့ စမတ်ဂျာကင် လေးကို ဝယ်ယူဝတ်ဆင် စမ်းသပ်ဖို့ အကြုံပြုလိုပါတယ်။