Home News Samsung မှ Harman ကို ဝယ်ယူခြင်း သို့မဟုတ် Samsung ၏ သမိုင်းဝင်နေ့ရက်

Samsung မှ Harman ကို ဝယ်ယူခြင်း သို့မဟုတ် Samsung ၏ သမိုင်းဝင်နေ့ရက်

0
Samsung မှ Harman ကို ဝယ်ယူခြင်း သို့မဟုတ် Samsung ၏ သမိုင်းဝင်နေ့ရက်

တောင်ကိုးရီးယားနည်းပညာလုပ်ငန်း အုပ်စုကြီးတစ်ခုဖြစ်တဲ့ Samsung ဟာ အမေရိကန် အီလက်ထရွန်းနစ်လုပ်ငန်း တစ်ခု ဖြစ်တဲ့ Harman ကို အမေရိကန်ဒေါ်လာ ၈ ဘီလီယံနဲ့ အပြီးပိုင်ဝယ်ယူလိုက်ကြောင်း Samsung မှ တရားဝင် ထုတ်ပြန်လိုက်ပါတယ်။

Harman ဟာ လူသုံးကုန်အီလက်ထရွန်းနစ်ပစ္စည်းတွေနဲ့ မော်တော်ကားကုမ္ပဏီအတော်များများအတွက် အီလက်ထရွန်းနစ် ပစ္စည်းတွေ ထုတ်လုပ်ပေးနေတဲ့ ကုမ္ပဏီဖြစ်ပြီး Samsung က Harman ကုမ္ပဏီကို အပြီးပိုင် ဝယ်ယူလိုက်တဲ့အတွက် Samsung ဟာ မော်တော်ကားထုတ်လုပ်ရေးဘက်ကို ဦးတည်လာပြီလို့ ပြောနိုင်ပါတယ်။

harman

ဒါ့အပြင် Samsung ရဲ့ သက်တမ်းတစ်လျှောက်မှာ လုပ်ငန်းတွေကို ဝယ်ယူလိုက်တဲ့အကြီးမားဆုံး ငွေကြေးပမာဏလဲ ဖြစ်ပါတယ်။ Samsung အနေနဲ့ Harman ကို Samsung ရဲ့လုပ်ငန်းကြီးများအောက်မှ အစိတ်အပိုင်းတစ်ခုအနေနဲ့ ထားရှိသွားမှာ ဖြစ်ပြီး လက်ရှိမှာ စည်းကမ်းချက်တွေ၊ ရှယ်ယာရှင်တွေရဲ့ လုပ်ပိုင်ခွင့် စည်းမျဉ်းစည်းကမ်းတွေကို စတင်ရေးဆွဲနေပါပြီ။ မတ်လ ၁၃ ရက်နေ့မှာ Harman ရဲ့ စတော့ရှယ်ယာဈေးကွက်ကို တရားဝင်ပိတ်သိမ်းလိုက်ပြီ ဖြစ်ပါတယ်။

Samsung ရဲ့ အမှုဆောင် မဟာဗျူဟာအရာရှိချုပ် (Chief strategy officer) ယောင်ဆွန်း က ” ဒီနေ့ဟာ ကျနော်တို့ရဲ့ သမိုင်းဝင်နေ့တစ်နေ့ဖြစ်ပါတယ်။ ပြောင်းလဲလာမယ့် မော်တော်ကားလုပ်ငန်းပိုင်းမှာ အခွင့်အလမ်းတွေကို ကျနော်တို့ မြင်တွေ့ထားပြီးပြီ ဖြစ်ပါတယ်။ လာမယ့် အနာဂတ်ကာလမှာ ကားတွေ၊ အိမ်တွေကို မိုဘိုင်းလ်ဖုန်းတွေနဲ့ ထိန်းချုပ်ပြီး ချိတ်ဆက်နိုင်တော့မှာ ဆိုတာလည်း ကျနော်တို့ ခန့်မှန်းမြင်တွေ့နေရပါပြီ ” လို့ ပြောခဲ့ပါတယ်။

Harman ဟာ Samsung ရဲ့ လုပ်ငန်းအောက်ကို ရောက်သွားသော်လည်းဘဲ ယခင်က အတိုင်းလွတ်လပ်စွာ တည်ရှိနေအုံးမှာ ဖြစ်ပါတယ်။ ဒါ့အပြင် Samsung ဟာ မော်တော်ကား ဈေးကွက်ထဲကို ဝင်ရောက်လာတော့မှာ ဖြစ်ပြီး ကားတွေမှာ အဆင့်မြင့်နည်းပညာတွေနဲ့ ဘယ်လိုထည့်သွင်းချိတ်ဆက်မလဲဆိုတာကိုတော့ စောင့်ကြည့်ရအုံးမှာ ဖြစ်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: