
ရန်ကုန်တိုင်းဒေသကြီးတစ်ခုလုံး နွေရာသီတွင် လျှပ်စစ်မီးပြတ်တောက်မှု မဖြစ်စေရေးအတွက် ကျပ်ဘီလီယံ ၃၀ ကို အထူးကိစ္စရပ်အနေဖြင့် သမ္မတရန်ပုံငွေအတွင်းမှ သုံးစွဲရန် သမ္မတဦးထင်ကျော်မှ ပြည်တောင်စုလွှတ်တော်သို့ တင်ပြခဲ့သည်။
အဆိုပါ ကျပ်ဘီလီယံ၃၀ ဖြင့် သဘာဝဓာတ်ငွေ့နှင့် ဒီဇယ် လောင်စာ နှစ်မျိုးသုံးနိုင်သော ၂၅ မဂ္ဂဝပ်လျှပ်စစ်ဓာတ်အား ထုတ်စက် ဝယ်ယူရန် ပြည်ထောင်စုအစည်းအဝေးတွင် ခွင့်ပြုခဲ့သည်။
ဓာတ်အားထုတ်စက် စာချုပ်ချုပ်ဝယ်ယူသည့် အချိန်မှစ၍ တပ်ဆင်ချိန်အတိ တစ်လခွဲခန့် ကြာမြင့်နိုင်ပြီး အမေရိကန်ဒေါ်လာ ၂၂.၂ သန်း ကျသင့်ကြောင်းသိရှိရသည်။ ယခင်က တိုင်းဒေသကြီး ဘတ်ဂျက်မှ ထုတ်ယူသုံးစွဲရန် စီစဉ်ထားသော်လည်း သမ္မတ ဦးထင်ကျော်၏ တင်ပြချက်အရ ယင်း ၃၀ ဘီလီယံအား သမ္မတရန်ပုံငွေအတွင်းမှ ထုတ်ယူသုံးစွဲရန်အတွက် မကြာမီရက်ပိုင်းအတွင်း ပြည်တောင်စုလွှတ်တော်မှ ဆုံးဖြတ်မည် ဟု သိရှိရသည်။