Home News အမှိုက်ပုံပြိုကျလို့ လူပေါင်း ၅၀ ဝန်းကျင် သေဆုံးခဲ့ရတဲ့ အီသီယိုးပီးယားက ဖြစ်ရပ်

အမှိုက်ပုံပြိုကျလို့ လူပေါင်း ၅၀ ဝန်းကျင် သေဆုံးခဲ့ရတဲ့ အီသီယိုးပီးယားက ဖြစ်ရပ်

0
အမှိုက်ပုံပြိုကျလို့ လူပေါင်း ၅၀ ဝန်းကျင် သေဆုံးခဲ့ရတဲ့ အီသီယိုးပီးယားက ဖြစ်ရပ်

အီသီယိုးပီးယားနိုင်ငံ အက်ဒစ်ဘာဘာ မြို့တော်တွင် အမှိုက်ပုံကြီးတစ်ခုရှိပြီး အဆိုပါ အမှိုက်ပုံပြိုကျခဲ့တဲ့အတွက် လူပေါင်း ၅၀ ကျော်သေဆုံးခဲ့တဲ့ ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။ မတ်လ ၁၁ ရက်နေ့ည အချိန်တွင် ပြိုကျခဲ့ခြင်းဖြစ်ပြီး အမှိုက်ပုံ နားတွင် နေထိုင်သူများ၏ တဲအိမ်များပိ၍ သေဆုံးခဲ့ခြင်း ဖြစ်ပါတယ်။

အဆိုပါ အမှိုက်ပုံမှာ နှစ် ၆၀ ဝန်းကျင်နီးပါးခန့် တည်ရှိခဲ့သော အမှိုက်ပုံဖြစ်ပြီး ခေတ်အဆက်ဆက်စုပုံလာခဲ့တဲ့ အမှိုက်ပုံကြီးလို့ ပြောရင်မမှားပါဘူး။ အမှိုက်ပုံကို မှီခိုပြီး ဝင်ငွေရအောင် လုပ်ကိုင်နေတဲ့သူတွေဟာ အမှိုက်ကြီးနားမှာဘဲ တဲအိမ်လေးတွေ နဲ့ နေထိုင်တာ ဖြစ်ပါတယ်။ လက်ရှိတွင် သေဆုံးသူ အရေအတွက် မှတ်တမ်း ၅၀ ကျော် ရခဲ့သော်လည်း ဒဏ်ရာရရှိသူနှင့် ပျောက်ဆုံးသူ စာရင်းကို မထုတ်ပြန်ရသေးချေ။

ပျောက်ဆုံးသူ အရေအတွက်မှာ များပြားလျက်ရှိပြီး ထင်မြင်ချက်များအရ ပြိုကျသွားတော့ အမှိုက်ပုံကြီး၏ အောက်တွင်သာ ရှိမည်ဟု ယူဆရကြောင်း သိရှိရသည်။ အမှိုက်ပုံ ပြိုကျသည့် ဘေးမှ အသက်ရှင်လျက် လွတ်မြောက်လာသူကတော့ ” အရင်ဆုံး အသံအကျယ်ကြီးကြားရတာဘဲ ၊ ပြီးမှ လေဆင်နှာမောင်းတိုက်သလိုမျိုး ဖြစ်ပြီး ပြိုဆင်းသွားတာ ” ဟု ပြောခဲ့သည်။

အမှိုက်ပုံကြီး၏ အမြင့်မှာ တောင်ငယ် တစ်လုံးစာခန့် ရှိသည် ဟု သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: