Home News Xiaomi Mi 6 မှာ Sony ရဲ့ IMX 400 Sensor ထည့်သွင်းမယ်လို့ အရိပ်အမြွက်ပြော

Xiaomi Mi 6 မှာ Sony ရဲ့ IMX 400 Sensor ထည့်သွင်းမယ်လို့ အရိပ်အမြွက်ပြော

0
Xiaomi Mi 6 မှာ Sony ရဲ့ IMX 400 Sensor ထည့်သွင်းမယ်လို့ အရိပ်အမြွက်ပြော

Xiaomi Mi6 ဟာ လူတိုင်းစောင့်မျှော်နေတဲ့ Flagship စမတ်ဖုန်းတစ်လုံးဖြစ်ပြီး အထဲမှာ ဘယ်လို feature တွေ ထပ်သွင်းမယ်ဆိုတာကိုတော့ Xiaomi က လျှို့ဝှက်ထားပါတယ်။ ဒါ့အပြင် မကြာသေးခင်က ဘာလီလိုနာ မြို့မှာ ကျင်းပခဲ့တဲ့ MWC ( Mobile World Congress) ပွဲမှာ Mi6 နဲ့ ပတ်သတ်လို့ Xiaomi ဟာ တစ်ခွန်းမှမဟခဲ့ဘဲ အထူး လျှို့ဝှက်ချက်အနေနဲ့ ပရိတ်သတ်များကို ရင်ခုန်ဖွယ် ပြုလုပ်ခဲ့ပါတယ်။

Samsung က Galaxy S8 ကို MWC 2017 မှာ မပြခဲ့ဘဲ လျှို့ဝှက်ထားသလို Xiaomi ရဲ့ Mi6 လည်း ထို့နည်းတူစွာပါဘဲ။ လက်ရှိမှာတော့ Mi6 နဲ့ပတ်သတ်လို့ ရင်ခုန်ဖွယ်ရာ အရိပ်အမြွက်လေးတော့ ရထားပါတယ်။ အဲ့ဒါကတော့ ကင်မရာ အပိုင်း ဖြစ်ပါတယ်။ Sony ရဲ့ IMX 400 ကိုထည့်သွင်းအသုံးပြုသွားမှာ ဖြစ်တဲ့အတွက် တစ်ကယ့်ကို မိုဘိုင်းကင်မရာနှစ်သက်တဲ့သူတွေအတွက်တော့ နှစ်ခြိုက်သွားစေမှာ ဖြစ်ပါတယ်။ Sony IMX 400 ဟာ Sony XZ Premium နဲ့ XZs တို့မှာ ထည့်သွင်းထားပြီး တစ်စက္ကန့်အတွင်းမှာ ဖြစ်သွားတဲ့ ပုံရိပ်ပေါင်းများစွာကို ဖော်ထုတ်ပေးနိုင်မှာပါ။ အောက်ပါ ဗီဒီယိုက Sony IMX 400 နဲ့ရိုက်ပြထားတဲ့ demo video ဖြစ်ပါတယ်။

ဒါ့အပြင် 960 fps နဲ့ Slow Motion ရိုက်ကူးနိုင်အုံးမှာ ဖြစ်တာကြောင့် ကိုယ်ပိုင် ဗီဒီယိုလေးတွေကို Professional ဆန်ဆန် ရိုက်နိုင်အုံးမှာပါ။ ဒါကြောင့် Xiaomi ချစ်သူများအနေနဲ့ Sony IMX 400 ပါဝင်တဲ့ ဖုန်းကို အသုံးပြုဖို့အတွက် Sony XZ Premium နဲ့ XZs ကို ဝယ်ယူဖို့မလိုတော့သလို ဒါတွေကို အသုံးပြုနိုင်ဖို့ Mi6 ထွက်ရှိပေးမှာ ဖြစ်ပါတယ်။

ဒါ့အပြင် Xiaomi Mi6 ကို ပုံစံနှစ်မျိုးနဲ့ထွက်ပါမယ်။ မျက်နှာပြင် ၅.၂ လက်မ နဲ့ ၅.၇ လက်မ ဆိုပြီး နှစ်မျိုးထွက်ရှိမှာ ဖြစ်ပြီး ၅.၇ လက်မ မှာ ကင်မရာ နှစ်လုံး ပါဝင်မယ်လို့ သိရှိရပါတယ်။ အသေးစိတ်အချက်အလက်တွေကတော့ ဒီလကုန်ခါနီးမှာ ထပ်မံထွက်ရှိမယ်လို့ ယူဆရပါတယ်။ Mi6 ကို ဧပြီလ ၁၆ ရက်နေ့မှ စတင်မိတ်ဆက်သွားမှာ ဖြစ်တယ်လို့ လဲ သိရှိရပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: