
ရခိုင်ပြည်နယ် မောင်းတောမြို့နယ် အောင်ဇံရွာ ရဲကင်းတွင် မသင်္ကာသူ ဘင်္ဂါလီ ၅ ဦးကို ခေါ်ယူစစ်ဆေးရာ အဆိုပါ ဘင်္ဂလီများမှ ရဲတပ်ဖွဲ့အား ပြန်လည်တိုက်ခိုက်ခဲ့သည်။ ထို့အပြင် လက်နက် ၃ လက်နှင့် ခဲယမ်းများအား လုယူထွက်ပြေးသွားကြောင်း သိရှိရသည်။
သတင်းပေးချက်များအရ တရားမဝင်ပစ္စည်းများအား သယ်ဆောင်လာသူ များကို ရဲတပ်ဖွဲ့ဝင်များက စစ်ဆေးရာ အဆိုပါ လူ၅ ဦးမှ ပြန်လည် သတ်ပုတ်၍ ဘီအေ ၉၄ ရိုင်ဖယ် ၂လက်နှင့် ဘီအေ ၆၃ တလက် တို့ကို လုယူ၍ နယ်စပ်မိုင်တိုင် ၄၃ ဘက်သို့ ထွက်ပြေးသွားခဲ့သည်။
လက်ရှိတွင် လက်နက်လုယူသွားသူများအား နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များက လိုက်လံစုံစမ်းနေပြီး ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့် တပ်ကိုလည်း အကြောင်းကြားထားကြောင်း သိရှိရသည်။