Home News တရားဟောခွင့်ပိတ်ခံရသော်လည်း ဦးဝီရသူ ဝစီပိတ်တရားပွဲကျင်းပပြုလုပ်

တရားဟောခွင့်ပိတ်ခံရသော်လည်း ဦးဝီရသူ ဝစီပိတ်တရားပွဲကျင်းပပြုလုပ်

0
တရားဟောခွင့်ပိတ်ခံရသော်လည်း ဦးဝီရသူ ဝစီပိတ်တရားပွဲကျင်းပပြုလုပ်

ဦးဝီရသူ သည် တရားဟောပြောခွင့် တစ်နှစ်ပိတ်ခံထိသော်လည်း မတ်လ ၁၁ ရက် တွင် အိမ်မဲမြို့ သီးကွင်းကျေးရွာ၌ ပါးစပ်ကို တိတ်ဖြင့် ပိတ်ကာ ဝဝီပိတ်တရားပွဲကျင်းပခဲ့သည်။ တိပ်ခွေ အနီနှင့် အမဲကို အသုံးပြု၍ ပါးစပ်၌ ကြက်ခြေခတ် ကပ်ပြီး တရားပလ္လင်ပေါ်တွင် ထိုင်၍ ဝစီပိတ်တရားပွဲကျင်းပခြင်း ဖြစ်သည်။

ယခင်က ဟောပြောခဲ့သော တရားခွေကို ပြန်လည် ဖွင့်ပြခြင်း ဖြစ်ပြီး တရားနာပရိသတ် ၂၀၀၀ ကျော် တက်ရောက်ခဲ့သည်။ ဧရာဝတီတိုင်းဒေသကြီး အစိုးရ က ဦးဝီရသူအား တရားဟောပြောခွင့် တစ်နှစ်ပိတ်ခဲ့သော်လည်း ဦးဝီရသူမှာ ဝစီပိတ်နည်းလမ်းဖြင့် တရားပွဲကျင်းပခြင်း ဖြစ်သည်။

အဆိုပါ တရားပွဲသည် နိုင်ငံတော် သံဃာ့ နာယက အဖွဲ့၏ ညွှ့န်ကြားချက်နှင့် ဆန့်ကျင်ခြင်း၊ သဘောတူခြင်းဆိုသည်မှာ ဆရာတော်များက သာ ဆုံးဖြတ်မည်ဖြစ်ပြီး မည်သို့အရေးယူဆောင်ရွက်မည် ဖြစ်ကြောင်း လက်ရှိတွင် မသိရသေးကြောင်း သိရှိရသည်။

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: