
တောင်ကိုးရီးယားနိုင်ငံမှာ K Pop အဖွဲ့များစွာရှိပေမယ့် Seventeen အဖွဲ့ကတော့ Instagram ရဲ့ တရားဝင် အကောင့်မှာ ပထမဆုံး ဖော်ပြခြင်းခံရတဲ့ အဖွဲ့တစ်ဖွဲ့အဖြစ် မှတ်တမ်းတင်သွားပါပြီ။
ဒါကြောင့် ၁ ရက်အတွင်း Seventeen အဖွဲ့ဟာ Instagram follower ၁သန်းကျော် ရရှိခဲ့ပြီး နေ့ချင်းညချင်း လူမှုကွန်ရက်မှာ နာမည်ကြီးသွားပါတော့တယ်။ ခု ဒီသတင်းကို ဖတ်နေတဲ့ ဆန်းသစ်မြန်မာရဲ့ ပရိတ်သတ်လည်း Seventeen ရဲ့ Instagram account ကို follow လုပ်ချင်ရင် @saythename_17 ဆိုတဲ့အကောင့်ကို follow လုပ်ထားနိုင်ပါတယ်။
လက်ရှိမှာတော့ သူတို့အဖွဲ့သားတွေရဲ့ cute picture လေးတွေ တင်ထားပါတယ်။ တင်သမျှ ပုံတွေကို စောင့်ကြည့်မယ်ဆိုရင် Instagram acc ကို follow လုပ်ထားဖို့ အကြံပြုလိုပါတယ်။