Home News ဖိလစ်ပိုင်သမ္မတ ဒူတာတီ မြန်မာနိုင်ငံသို့ မတ်လ ၁၉ ရက်နေ့တွင် ချစ်ကြည်ရေးခရီးစဉ် အဖြစ် လာရောက်မည်

ဖိလစ်ပိုင်သမ္မတ ဒူတာတီ မြန်မာနိုင်ငံသို့ မတ်လ ၁၉ ရက်နေ့တွင် ချစ်ကြည်ရေးခရီးစဉ် အဖြစ် လာရောက်မည်

0
ဖိလစ်ပိုင်သမ္မတ ဒူတာတီ မြန်မာနိုင်ငံသို့ မတ်လ ၁၉ ရက်နေ့တွင် ချစ်ကြည်ရေးခရီးစဉ် အဖြစ် လာရောက်မည်

မတ်လ ၁၉ ရက်နေ့တွင် ဖိလစ်ပိုင်သမ္မတ ဒူတာတီသည် ချစ်ကြည်ရေး ခရီးစဉ်အဖြစ် မြန်မာနိုင်ငံသို့ လာရောက်မည် ဖြစ်ကြောင်း သိရှိရသည်။ မြန်မာနိုင်ငံတွက် ၂ရက်ကြာနေထိုင်မည် ဖြစ်ပြီး ချစ်ကြည်ရေးခရီးစဉ် တစ်ခု အနေနဲ့သာ လာရောက်ခြင်း ဖြစ်ပြီး ရန်ကုန်မြို့သို့လာမည် မဟုတ်ကြောင်း သိရှိရသည်။

ဖိလစ်ပိုင်သမ္မတ ဒူတာတီသည် အာဆီယံနိုင်ငံအားလုံးသို့ ချစ်ကြည်ရေး ခရီးစဉ်အဖြစ် သွားရောက်လည်ပတ်ခဲ့ပြီး နောက်ဆုံး ခရီးစဉ်မှာ မြန်မာနိုင်ငံဖြစ်သည်။ ဖိလစ်ပိုင်သမ္မတ ဒူတာတီ လာရောက်မည့် ခရီးစဉ်များကို မီဒီယာများက အထူးစိတ်ဝင်စားကြပြီး အကြောင်းရင်းမှာ စကားပြော ကြမ်းတမ်းသောကြောင့် ဖြစ်သည်။

မူးယစ်ဆေးဝါးအမှုကိစ္စများ ကိုင်တွယ်ရာတွင် ကမ္ဘာပေါ်တွင် အကြမ်းတမ်းဆုံးဟု သတ်မှတ်နိုင်သည့် ဖိလစ်ပိုင်သမ္မတ ဒူတာတီ၏ စကားကြမ်းတမ်းမှုကြောင့် အမေရိကန်နိုင်ငံနှင့် ချစ်ကြည်ရေးကိစ္စ ပျက်ကာ ခရီးစဉ်ပျက်သည့် ကိစ္စများလည်း ဖြစ်ပွားခဲ့သည်။

ထို့ကြောင့် မကြာမှီ လာရောက်လည်ပတ်မည့် ဖိလစ်ပိုင် သမ္မတ ဒူတာတီ အနေဖြင့် မြန်မာနိုင်ငံအပေါ် မည်သို့ သဘောထား ဆက်ဆံပြောဆိုမည် ဆိုမှာ စိတ်ဝင်စားဖွယ်ရာ ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: