Home News ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးသွားသော ဘင်္ဂါလီများ မြန်မာသို့ ပြန်လည်ဝင်ရောက်လာ

ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးသွားသော ဘင်္ဂါလီများ မြန်မာသို့ ပြန်လည်ဝင်ရောက်လာ

0
ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးသွားသော ဘင်္ဂါလီများ မြန်မာသို့ ပြန်လည်ဝင်ရောက်လာ

AFP သတင်းအရ မောင်းတော အကြမ်းဖက်ကြောင့်  ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားသော ဘင်္ဂါလီများ မြန်မာနိုင်ငံ အတွင်းသို့ ပြန်လည်ဝင်ရောက်နေပြီ ဖြစ်ကြောင်း သိရှိရသည်။ ဘင်္ဂါလီပေါင်း ၅၀၀၀ ကျော် ပြန်လည်ဝင်ရောက်နေပြီ ဖြစ်တယ်လို့ AFP သတင်းက ထုတ်ပြန်သော်လည်း နိုင်ငံတော် သမ္မတရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက အဆိုပါ ဘင်္ဂါလီများ ဝငေ်ရာက်လာသည့် သတင်းကို မရရှိသေးကြောင်း ပြောကြားသည်။

နယ်ခြားစောင့်ရဲများအား ဘင်္ဂါလီများက တိုက်ခိုက်သတ်ဖြတ်ခဲ့ပြီးနောက် တပ်မတော်နှင့် ရဲတပ်ဖွဲ့မှ စစ်ဆင်ရေးပြုလုပ်ခဲ့သဖြင့် ဘင်္ဂါလီများမှာ တစ်ဖက်နိုင်ငံဖြစ်သော ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးတိမ်းရှောင်သွားတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံဘက်မှ ထွက်ပြေးလာသော ဘင်္ဂါလီများအား ဘင်္ဂလားဒေ့ရှ်အစိုးရက ဘင်္ဂလားပင်လယ်အော်အတွင်းရှိ Thegar Char ကျွန်းသို့ ပို့ဆောင်သဖြင့် မြန်မာနိုင်ငံဘက်သို့ ပြန်လည် ဝင်ရောက်လာကြောင်း သိရှိရသည်။

မတ်လ ၅ ရက်နေ့တွင် ဘင်္ဂါလီ ၂၈ ဦး လိုက်ပါစီးနင်းလာသည့် စက်လှေ တစ်စီးကိုလည်း ဖမ်းဆီးရမိထားကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီမှ ထုတ်ပြန်ထားသည်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: