
ယနေ့ ကမ္ဘာပေါ်ကနေ အာကာသထဲကို လွှင့်တင်ထားတဲ့ အာကာသယာဉ်ပေါင်းများစွာရှိပြီး အသုံးပြုလို့မရဘဲ အဆက်အသွယ် ပြတ်သွားတဲ့ အာကာသယာဉ်တွေလည်း အများကြီးပါဘဲ။ ယခုတော့ ပျောက်ဆုံးနေတဲ့ အာကာသယာဥ္အချို့ကို ပြန်လည်တွေ့ရှိပြီလို့ သိရပါတယ်။
Lunar Reconnaissance Orbiter (LRO) အမည်ရတဲ့ အာကာသယာဉ်ဟာ နာဆာနဲ့ အဆက်အသွယ်ပြတ်တောက်သွားပြီး ယခုအချိန်မှ ပြန်လည်ရှာဖွေတွေ့ရှိခဲ့ပါတယ်။ နာဆာရဲ့ မြေပြင်အခြေစိုက် ရေဒါနည်းပညာကို အသုံးပြုပြီး ပြန်လည် ရှာဖွေ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
လက်ရှိရှာဖွေတွေ့ရှိထားတဲ့ အာကာသယာဉ်ထဲမှာ Indian Space Research Organization က လွှင့်တင်ထားတဲ့ Chandrayaan-1 ကိုပါ တွေ့ရှိခဲ့ပြီး အဆိုပါ အာကာသယာဥ္မှာလည်း အဆက်အသွယ်ပြတ် ပျောက်ဆုံးနေတာ ကြာပြီ ဖြစ်ပါတယ်။ Chandrayaan-1 ရဲ့ အရွယ်အစားဟာ ၅ ပေစွန်းစွန်းခန့်သာ ရှိပါတယ်။ Chandrayaan-1 ကို ၂၀၀၈ ခုနှစ်မှာ လွှင့်တင်ခဲ့ပြီး ၂၀၀၉ ခုနှစ်ကတော့ နောက်ဆုံး အဆက်အသွယ်ရရှိခြင်းသာ ဖြစ်ပါတယ်။ ဒါကြောင့် အဆက်အသွယ်ပြတ် ပျောက်ဆုံးသွားတာ ၈ နှစ်ရှိပြီ ဖြစ်ပါတယ်။
ယခုအချိန်မှာတော့ ပြန်လည်ရှာဖွေတွေ့ရှိပြီ ဖြစ်တဲ့အတွက် အာကာသယာဉ်တွေကို ဘယ်လို ပြန်လည် အသုံးချမလဲဆိုတာကိုတော့ ထပ်မံ သတင်း ထုတ်ပြန်အုံးမှာ ဖြစ်ပါတယ်လို့ နာဆာက ပြောခဲ့ပါတယ်။