Home News ဧရာဝတီတိုင်းတွင် ဦးဝီရသူအား တရားဟောခွင့်ပိတ်

ဧရာဝတီတိုင်းတွင် ဦးဝီရသူအား တရားဟောခွင့်ပိတ်

0
ဧရာဝတီတိုင်းတွင် ဦးဝီရသူအား တရားဟောခွင့်ပိတ်

ဧရာဝတီတိုင်းအစိုးရအဖွဲ့က မဘသ ဦးဆောင် ဆရာတော်တစ်ပါးဖြစ်သည့် ဦးဝီရသူ အား မတ်လ ၁၀ ရက်နေ့မှ စ၍ တရားဟောခွင့်ပိတ်လိုက်ကြောင်း ထုတ်ပြန်ကြေငြာလိုက်သည်။ အကြောင်းရင်းမှာ ဆရာတော် ဦးဝီရသူသည် ဖေဖော်ဝါရီလ တွင် ကျင်းပခဲ့သော ငပုတောမြို့နယ် ကျုံကူးကျေးရွာ၌ ဘာသာရေးအခြေခံ၍ လူမျိုးရေး ပဋိပက္ခဖြစ်ပွားစေမည့် ဟောကြားချက်များ၊ နိုင်ငံတော် သံဃာ့မဟာနာယက၏ ညွှန်ကြားလွှာနှင့် ညီညွတ်မှု မရှိခြင်းတို့ ကြောင့် ဖြစ်သည်။

ထို့ကြောင့် ဧရာဝတီတိုင်းဒေသကြီး အစိုးရမှ ဆရာတော် ဦးဝီရသူအား တရားဟောခွင့်ပိတ်ခဲ့ခြင်း ဖြစ်ပြီး အစိုးရအဖွဲ့အား အသိမပေးဘဲ တရားဟောခွင့်ပြုခဲ့သည့် ကျံကူကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ဟိုင်းကြီးကျွန်းမြို့ အုပ်ချုပ်ရေးမှူးတို့အား သတိပေးခဲ့သည်။

မဘသအဖွဲ့ဝင် မြန်မာဝံသာနု အားမာန်အဖွဲ့ဦးဆောင်သူ ဦးကျော်မျိုးရွှေ က ” ဓမ္မာစရိယ အောင်ထားတဲ့ ဆရာတော်တစ်ပါးအနေနဲ့ တရားဟောခွင့်ရှိတယ်၊ ဧရာဝတီတိုင်းမှာ ဆရာတော် တရားဟောခွင့်ရဖို့ အမျိုးသားရေး အင်အားစုတွေ အနေနဲ့ ကြိုးစားသွားမယ် ” ဟု ပြောကြားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: