
ပဲခူးတိုင်းဒေသကြီး ပြည်မြို့ အဝေးပြေးကားကြီးဝင်း၌ ပုဇွန်ခြောက်ဗလာချောင်ကြော်နှင့်အတူ ဘိန်းဖြူများ သယ်ယူလာသော အမျိုးသမီးတစ်ဦးကို ဖမ်းဆီးရမိကြောင်းသိရှိရသည်။ ဘိန်းဖြူ ၁.၅ ဂရမ် ပါရှိသည့် ပုလင်းငယ် ၅ဘူးအား ပုဇွန်ခြောက်ကြော်ဗူးအတွင်းတွင် ထည့်ယူသယ်ဆောင်လာစဉ် ပြည်မြို့ မူးယစ်အဖွဲ့မှ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ဘိန်းဖြူပုလင်း ၅ ဘူး သယ်ဆောင်လာသူ အမျိုးသမီး၏ တွက်ဆိုချက်အရ ထပ်ဆင့်စေခိုင်းသူရှိကြောင်း သိရှိရပြီး ကွင်းဆက် တရားခံများအား ဖမ်းဆီးရမိရေးအတွက် ကြိုးပမ်းနေကြောင်း သိရှိရသည်။ ဘိန်းဖြူများအား လက်ဝယ်တွေ့ရှိသူ အမျိုးသမီးအား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဥပဒေပုဒ်မ ၁၅/၁၆ (ဂ) ၂၁ အရ ပြည်မြိုရဲစခန်းမှ အမှုဖွင့်ထားကြောင်း သိရှိရသည်။