Home News Saxon Capital Club (SCL) ကုမ္ပဏီ အင်္ဂလန်တွင် ဖျက်သိမ်း

Saxon Capital Club (SCL) ကုမ္ပဏီ အင်္ဂလန်တွင် ဖျက်သိမ်း

0
Saxon Capital Club (SCL) ကုမ္ပဏီ အင်္ဂလန်တွင် ဖျက်သိမ်း

Saxon Capital Club (SCL) သည် မတ်လ ၇ ရက်နေ့ ၂၀၁၇ခုနှစ်တွင် အင်္ဂလန်နိုင်ငံ၌ ကုမ္ပဏီမှတ်ပုံတင်ခြင်းကို ဖျက်သိမ်းလိုက်ကြောင်း သိရှိရသည်။ Saxon Capital လုပ်ငန်းစုမှာ ငွေကြေးဆိုင်ရာ ရင်းနှီးမြှပ်နှံမှုများ၊ စီမံမှုများနှင့် E-Commerce လုပ်ငန်းကို ဆောင်ရွက်နေပြီး အဓိက SCL ၏ လုပ်ငန်းလည်ပတ်ပုံမှာ စတော့ကစားခြင်း ဖြစ်သည်။

SCL Club သည် ကွန်ရက်စီးပွားရေးစနစ်ပုံစံ ( Multi Level Marketing) ဖြင့် ဖွဲ့စည်းထားပြီး အဖွဲ့ဝင်များ၏ ပိုက်ဆံကို အသုံးချကာ ငွေကြေးဆိုင်ရာရင်းနှီးမြှုပ်နှံမှုများနှင့် စတော့ ငွေကစားခြင်းတို့ကို ပြုလုပ်သည်။ SCL လုပ်ငန်းစု၏ ငွေကြေးဆိုင်ရာ ကျွမ်းကျင်သူများက စတော့ငွေကစားခြင်းမှ ရရှိလာသော အမြတ်တို့ကို အဖွဲ့ဝင်များအား သတ်မှတ်ရာခိုင်နှုန်းတစ်ခုမှဖြင့် သတ်မှတ်၍ ပြန်လည် ခွဲပေးသော စနစ်ဖြစ်သည်။

လက်ရှိတွင် အငြင်းပွားဖွယ်ဖြစ်နေပြီး S&P Global Market Intelligence ၏ ဖော်ပြချက်အရ SCL Club အဖွဲ့အစည်းအနေနဲ့ ဘယ်အရာကို အဓိက ထားပြီး လုပ်နေဆိုတာ တိတိကျကျ စာရင်းတင်ပြမှုမရှိပါဘူးလို့ ဆိုပါတယ်။ ယခင်က Xsilent Solutions Inc ကုမ္ပဏီနာမည်နဲ့ မှတ်ပုံတင်ခဲ့ပြီး ၂၀၀၅ ခုနှစ်ရောက်တဲ့အခါမှ Saxon Capital Club လို့ အမည်ပြောင်းခဲ့တာ ဖြစ်ပါတယ်။

၂၀၀၅ ခုနှစ်မှာ Saxon Capital Club ကို ဝန်ထမ်း ၅ ယောက်နဲ့ စတင်တည်ထောင်ခဲ့ပါတယ်။ လက်ရှိမှာ မြန်မာနိုင်ငံအတွင်းမှာ SCL Club အဖွဲ့ဝင်များစွာရှိနေပြီး လုပ်ငန်းသည် တရားဝင်ခြင်း ဖြစ်ခြင်း မဖြစ်ခြင်းဆိုတာ အငြင်းပွားလျက်ရှိပါတယ်။ လက်ရှိမှာတော့ အင်္ဂလန်နိုင်ငံမှာ ကုမ္ပဏီရုတ်သိမ်းလိုက်ပြီ ဖြစ်ပါတယ်။ အောက်ပါပုံမှာ SCL Club အင်္ဂလန်နိုင်ငံတွင် ရုတ်သိမ်းသွားသည့် အထောက်အထားဖြစ်သည်။

https://beta.companieshouse.gov.uk/company/08815156

မြန်မာနိုင်ငံတွင်မူ ငွေကျပ် ၁သိန်းကျော်ခန့်မှစ၍ သိန်းရာဂဏန်းထိ တိုင်အောင် ပိုက်ဆံများထည့်ဝင်၍ အပတ်စဉ် အတိုးနှုန်းများ ထုတ်ယူလျက်ရှိသည်။ ပိုက်ဆံထည့်ဝင်မှုပမာဏအများဆုံးမှာ မွန်ပြည်နယ်ဖြစ်သည်။ မြန်မာပြည်တွင် လူတိုင်းသိထားတဲ့ SCL Club မှာ အပတ်စဉ် ငွေတိုးများပေးနေသည့် ကုမ္ပဏီဟုပင် အများအားဖြင့် သိကြသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: