Home News Xiaomi က မိတ်ဆက်ပြသလိုက်တဲ့ 299 ယွမ်တန်ဖိုးရှိတဲ့ Smart Shoe

Xiaomi က မိတ်ဆက်ပြသလိုက်တဲ့ 299 ယွမ်တန်ဖိုးရှိတဲ့ Smart Shoe

0
Xiaomi က မိတ်ဆက်ပြသလိုက်တဲ့ 299 ယွမ်တန်ဖိုးရှိတဲ့ Smart Shoe

Xiaomi ဟာ အင်တာနက်ကုမ္ပဏီကြီး တစ်ခုဖြစ်ပြီး စမတ်ဖုန်းများနဲ့ လူသုံးကုန်ပစ္စည်းတွေကို နည်းပညာတွေနဲ့ ထပ်မံပူးပေါင်းကာ ပစ္စည်းတွေထုပ်လုပ်ရောင်းချပေးနေတဲ့ နည်းပညာကုမ္ပဏီကြီးတစ်ခု ဖြစ်ပါတယ်။ ယခု မိတ်ဆက်လိုက်တဲ့ Xiaomi ရဲ့ စမတ်ရှူးဖိနပ်ဟာဆိုရင် Intel Chip နည်းပညာသုံးထားပြီး သင့်ရဲ့ လမ်းလျှောက်နှုန်း၊ အကွာအဝေးနဲ့ ကယ်လိုရီလောင်ကျွမ်းမှုနှုန်းကို တိုင်းတာပေးမှာပါ။

ကြည့်လိုက်ရင်တော့ သာမန်ရှူးဖိနပ်လို ထင်ရပေမယ့် ဖိနပ်ရဲ့ မမြင်နိုင်တဲ့နေရာမှာ Sensor ထည့်သွင်းထားပေးပါတယ်။ မိုဘိုင်းလ်ဖုန်းကနေတစ်ဆင့် ဖိနပ်မှာတပ်ဆင်ထားတဲ့ Sensor ရဲ့ report တွေကို အချိန်နဲ့ တစ်ပြေးညီ စောင့်ကြည့်နိုင်မှာ ဖြစ်ပါတယ်။

ဒါကြောင့် သာမန်လမ်းလျှောက်တာဘဲ ဖြစ်ဖြစ်၊ ပြေးတာဘဲဖြစ်ဖြစ်၊ တောင်တက်တာဘဲ ဖြစ်ဖြစ် သွားခဲ့တဲ့ အကွာအဝေး၊ အမြန်နှုန်းနဲ့ ကယ်လိုရီလောင်ကျွမ်းမှုနှုန်းကို တွက်ပေးတာကြောင့် စိတ်ဝင်စားစရာပါဘဲ။ ဈေးနှုန်းကလည်း မြန်မာငွေနဲ့ ပြန်တွက်ရင် ၆သောင်းဝန်းကျင်သာရှိပါလိမ့်မယ်။ ဒါပေမယ့် မြန်မာပြည်ထဲရောက်တဲ့အခါ ၇ သောင်းဝန်းကျင်ဖြစ်နိုင်မယ်လို့ ယူဆပါတယ်။

ဖိနပ်မှာ တပ်ထားတဲ့ Sensor အလုပ်လုပ်ရန်အတွက် အားသွင်းဖို့လိုအပ်ပြီး ရက် ၆၀ မှ တစ်ခါအားသွင်းဖို့ လိုပါမယ်။ အမြဲတမ်းအားသွင်းစရာတော့ မလိုပါဘူး။ လက်ရှိမှာ အော်ဒါမှာယူနိုင်ပြီ ဖြစ်သလို ဧပြီလ ၁၅ ရက်နေ့မှ စတင်ရောင်းချမယ် လို့ ထုတ်ပြန်ထားပါတယ်။

အမျိုးသားတွေအတွက် အမဲရောင်နဲ့ အပြာရောင်စပ်ထားတဲ့ အရောင်မှာယူနိုင်မှာ ဖြစ်သလို အမျိုးသမီးတွေ အတွက်ကတော့ အမဲနဲ့ ပန်းရောင်စပ်ထားတဲ့ အရောင် မှာယူနိုင်မှာ ဖြစ်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: