Home News တောင်ကိုးရီးယားသမ္မတ ပက်ဂွမ်ဟေး အား ပြည်သူများက သမ္မတ ရာထူးမှ ဖြုတ်ချ

တောင်ကိုးရီးယားသမ္မတ ပက်ဂွမ်ဟေး အား ပြည်သူများက သမ္မတ ရာထူးမှ ဖြုတ်ချ

0
တောင်ကိုးရီးယားသမ္မတ ပက်ဂွမ်ဟေး အား ပြည်သူများက သမ္မတ ရာထူးမှ ဖြုတ်ချ

မတ်လ ၁၀ ရက်နေ့ သောကြာနေ့မှာ တောင်ကိုးရီးယားနိုင်ငံ ဆိုးလ်မြို့တွင် သမ္မတ ပက်ဂွမ်ဟေး အား ပြည်သူများက သမ္မတရာထူးမှ ဆန္ဒပြဖြုတ်ချခဲ့သည်။ ဒါကြောင့် ပြည်သူများအနေနဲ့ သမ္မတ ကို ရာထူးဖြုတ်ချသော ဖြစ်ရပ်သည် တောင်ကိုးရီးယားနိုင်ငံ၏ ပထမဆုံးသော လုပ်ရပ်မျိုးလဲ ဖြစ်သည်။

ထောင်ပေါင်းများစွာသော ပြည်သူတို့သည် သမ္မတ ပက်ဂွမ်ဟေး အား လမ်းမများပေါ်တွင် ဆန္ဒပြလျက်ရှိပြီး လက်ရှိတွင် သမ္မတ ပက်ဂွမ်ဟေးသည် အပြင်သို့ ထွက်ခွင့်မရှိဘဲ သမ္မတနေထိုင်တာ အိမ်ပြာတော် ( Blue House ) တွင် အဖြစ်အပျက်တို့ကို စောင့်ကြည့်နေရသည်။

ပက်ဂွမ်ဟေး ဟာ တောင်ကိုးရီးယားနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတဖြစ်ပြီး တောင်ကိုးရီးယားနိုင်ငံရဲ့ စစ်အေးကာလမှာ အုပ်ချုပ်ခဲ့တဲ့ စစ်ဗိုလ်ချုပ်ကြီး ပက်ချောင်ဟေး ရဲ့ သမီးလည်း ဖြစ်ပါတယ်။ ဒါ့အပြင် မြောက်ကိုးရီးယားရဲ့ နယူးကလီးယား လက်နက် တည်ဆောက်မှုကိုလည်း အမေရိကန်နိုင်ငံနဲ့တွဲပြီး ဆန့်ကျင်ခဲ့တာကြောင့် တောင်ကိုးရီးယားပြည်သူတို့ရဲ့ လေးစားအားထားခြင်းကို ခံရတဲ့ စစ်ဗိုလ်ချုပ်ကြီးလည်း ဖြစ်ပါတယ်။

သမ္မတ ပက်ဂွမ်ဟေး ဟာ ဒီဇင်ဘာလမှစတင်၍ တန်ခိုးကျဆင်းလာပြီး လက်ရှိမှာ ပြင်ပထွက်ခွင့်မရှိတဲ့ အခြေအနေရောက်ရှိနေပါတယ်။ ဒါ့အပြင် သူမဟာ လက်ရှိမှာ ဆန္ဒပြမှုများကြောင့် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံး ရဲ့ အမိန့်အရ သမ္မတရာထူးကနေ နှုတ်ထွက်ရတော့မှာပါ။

ပြည်သူများ၏ ယုံကြည်မှုကို သစ္စာဖောက်မှု၊ ကိုယ်ကျိုးစီးပွားရှာမှု နှင့် လာဘ်စားမှုတို့ကြောင့် ဖြစ်ပွားခဲ့ရတာ ဖြစ်ပြီး နောက်ထပ် သမ္မတအသစ်ကို ရက်ပေါင်း ၆၀ အတွင်း တင်မြှောက်ရမှာ ဖြစ်ပါတယ်။ လက်ရှိမှာ ဒုသမ္မတဖြစ်တဲ့ ဟွမ်ကျိုးအန်း က ဆက်လက်တာဝန်ယူသွားမှာ ဖြစ်ပါတယ်။

သမ္မတ ပက်ဂွမ်ဟေး အနေနဲ့ အသက် ၆၅ နှစ်မှာ ဝမ်းနည်းစွာနဲ့ဘဲ အိမ်ပြာတော် ( Blue House ) ကိုခွဲခွာရတော့မှာပါ။ အိမ်ပြာတော်ဟာ သူမ ငယ်စဉ်ဘဝထဲက နေထိုင်ခဲ့ပြီး ဖခင်သေဆုံးသွားမှ အိမ်ပြာတော်ကနေ ဖယ်ခဲ့ရတာပါ။ သမ္မတဖြစ်လာတဲ့အချိန်ှာ အိမ်ပြာတော်ကို ပြန်လည်နေထိုင်ခဲ့ရပေမယ့် ယခုတော့ နောက်တစ်ခါ အိမ်ပြာတော်ကနေ ပြန်လည် ဆင်းပေးရတော့မှာ ဖြစ်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: