Home News နိုင်ငံတော်သမ္မတရုံး၏ သင်္ကြန် နှစ်ကူးရုံးပိတ်ရက် ကာလ ထုတ်ပြန်မှုနှင့် ပတ်သတ်၍ ဖတ်ရှုသူ ပြည်သူများက နားမလည်နိုင်ဖြစ်နေ

နိုင်ငံတော်သမ္မတရုံး၏ သင်္ကြန် နှစ်ကူးရုံးပိတ်ရက် ကာလ ထုတ်ပြန်မှုနှင့် ပတ်သတ်၍ ဖတ်ရှုသူ ပြည်သူများက နားမလည်နိုင်ဖြစ်နေ

0
နိုင်ငံတော်သမ္မတရုံး၏ သင်္ကြန် နှစ်ကူးရုံးပိတ်ရက် ကာလ ထုတ်ပြန်မှုနှင့် ပတ်သတ်၍ ဖတ်ရှုသူ ပြည်သူများက နားမလည်နိုင်ဖြစ်နေ

နိုင်ငံတော် သမ္မတရုံး၏ မြန်မာ့အတာသင်္ကြန်နှစ်သစ်ကူး ရုံးပိတ်ရက် ကိစ္စထုတ်ပြန်ခြင်း နှင့် ပတ်သတ်၍ ဖတ်ရှုသူ အများပြည်သူများမှာ နားမလည်နိုင်ကြောင်း မှတ်ချက်ပြုကြသည်။ နိုင်ငံတော်သမ္မတရုံး ထုတ်ပြန်ချက် အမှတ်စဉ် ၁ အရ ရုံးပိတ်ရက်များကို ပြင်ဆင်သင့်/ မသင့် ဝန်ကြီးဌာနများကို သဘောထားတောင်းခံထားကြောင်းသိရှိရသည်။

အကယ်၍ သင်္ကြန်ကာလ ရုံးပိတ်ရက် ၁၀ ရက်အား လျော့ချပစ်ခဲ့ပါက သင်္ကြန်အတွင်းလျော့ချခဲ့သည့် ရုံးပိတ်ရက်များကို သီတင်းကျွတ်၊ တန်ဆောင်တိုင်နှင့် နိုင်ငံတစ်ကာ နှစ်သစ်ကူးရုံးပိတ်ရက်များတွင် ပြန်လည် အစားထိုးလျော့ရက်များ ပေးရန် စီစဉ်မည်ဟု သိရှိရသည်။

သို့သော်လည်း ထုတ်ပြန်ချက် အမှတ်စဉ် ၂ တွင် ရုံးပိတ်ရက် ၁၀ ရက် တိတိ ရရှိခံစားရသည့်နည်းတူ နှစ်သစ်ကူးကာလတွင် ရုံးပိတ်ရက် ၅ ရက်ဖြစ်သော်လည်း အနားယူချိန် ၁၀ ရက်တိတိ ခံစားနိုင်ရန် အလေးအနက်ထားစီစဉ်ထားသည်ဟု ထုတ်ပြန်ထားပါသည်။

ထို့ကြောင့် ထုတ်ပြန်ချက် အမှတ်စဉ် ၂ မှာ မည်သည့်အရာကို ဆိုလိုသနည်းဆိုသည်မှာ မေးခွန်းထုတ်စရာရှိလာပါသည်။

ထုတ်ပြန်ချက် အမှတ်စဉ် ၃ တွင် ရုံးပိတ်ရက် အရေအတွက် မလျော့နည်းစေရေးအတွက်လည်းကောင်း၊ ရက်ရှည်ကာလ ရုံးပိတ်ရက်များကြောင့် အစိုးရနှင့် ဘဏ်လုပ်ငန်းများ မကြန့်ကြာစေရန်အတွက်လည်းကောင်း၊ နိုင်ငံ့ဝန်ထမ်းများ၏ မူလစီစဉ်ထားသည့်အတိုင်း နှစ်သစ်ကူးကာလ ၁၀ ရက်တိတိ ရရှိခံစားနိုင်စေရန်အတွက် လည်းကောင်း သက်ဆိုင်သူ အားလုံး အဆင်ပြေစေရန် စီစဉ်ဆောင်ရွက်နေကြောင်း ဖြစ်သည် ဟု ထုတ်ပြန်ထားသည်။

ထုတ်ပြန်ချက်အမှတ်စဉ် ၂ နှင့် ၃ မှာ ရှေ့နောက်ညီခြင်း မရှိသည့်အပြင် ဆိုလိုရင်းမှာ ပြည့်စုံစွာ သက်ရောက်မှုမရှိကြောင်း တွေ့ရှိရသည်။ နှစ်သစ်ကူးကာလ တွင် ရုံးပိတ်ရက် ၁၀ ရက် အပြည့်ပေးမည်လား၊ သို့မဟုတ် ရုံးပိတ်ရက် ၅ ရက်သာ ပေးပြီး ကျန်ရှိသည့် ၅ ရက်ကို အခြားသော အချိန်ကာလများတွင် ပြန်လည်အစားထိုးရုံးပိတ်ရက်များ ပေါင်းပေးမည်လား ဟု မေးစရာ မေးခွန်းများ ရှိလာပါသည်။

ဖတ်ရှုသူ အများပြည်သူများမှာ နိုင်ငံတော် သမ္မတရုံး၏ ထုတ်ပြန်ချက် အမှတ်စဉ် ၁ ကို နားလည်နိုင်သော်လည်း အမှတ်စဉ် ၂ နှင့် ၃ မှာ နားလည်ရန်ခက်ခဲသည့်အပြင် သဘောတရားများမှာ ဝိရောဓိသဘာဝကိုဆောင်နေကြောင်း တွေ့ရှိရပါတယ်။ အောက်ပါပုံကတော့ နိုင်ငံတော် သမ္မတရုံးမှ ထုတ်ပြန်ထားသော ကြေငြာချက်ဖြစ်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: