
ထိုင်းနိုင်ငံအစိုးရအနေနဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားများအား သင်္ကြန်တွင်း ခွင့် ရက် ၂၀ ထိ တိုးမြှင့်ပေးလိုက်ကြောင်း ကြေငြာလိုက်သည်။ ယမန်နှစ်က ခွင့် ၁၀ အထိခွင့်ပြုခဲ့ပြီး ယခု ၂၀၁၇ ခုနှစ်တွင် နောက်ထပ် ၁၀ ရက် ထပ်မံတိုးပေးလိုက် ခြင်း ဖြစ်သည်။
ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများ အနေဖြင့် ဧပြီလ ၁၀ရက်နေ့မှ ဧပြီလ ၃၀ ရက်နေ့အထိ ခွင့်ရက် ၂၀ ရရှိမည် ဖြစ်သည်။ ပန်းရောင်ကတ်ကိုင်ဆောင်ထားသူများ အနေဖြင့် နေရပ်ပြန်ခွင့်ကို အစိုးရဆီမှ ခွင့်ပြုချက် သီးသန့်တောင်းစရာမလိုဘဲ နယ်စပ်တရားဝင်ဂိတ်များမှ ဖြတ်သန်းနိုင်မည် ဖြစ်သည်။
ယာယီကဒ်ကိုင်ဆိုင်သူများအနေဖြင့် နယ်စပ်ဂိတ်များတွင် ပြန်လည်ဝင်ရောက်ခွင့် တံဆိပ်တုံးထုရန် လိုအပ်သည်။ ထို့ကြောင့် ယာယီကဒ်ပိုင်ရှင်များအနေဖြင့် နယ်စပ်ဂိတ်များတွင် ထွက်ကတည်းက ပြန်လည်ဝင်ရောက်ခွင့် တံဆိပ်တုံးထု ရန် မမေ့လျော့ဖို့ အရေးကြီးသည်။ ဒါ့အပြင် ထိုင်းနိုင်ငံအစိုးရမှ တံဆိပ်တုံးဗီစာထုခွင့်ကို အခမဲ့သတ်မှတ်ပေးထားကြောင်း သိရှိရသည်။