Home News ဂွာတီမာလာနိုင်ငံရှိ လူငယ်ဂေဟာမီးလောင်၊ အသေအပျောက်များ

ဂွာတီမာလာနိုင်ငံရှိ လူငယ်ဂေဟာမီးလောင်၊ အသေအပျောက်များ

0
ဂွာတီမာလာနိုင်ငံရှိ လူငယ်ဂေဟာမီးလောင်၊ အသေအပျောက်များ

ဂွာတီမာလာနိုင်ငံရှိ လူငယ်ဂေဟာ မီးလောင်ကျွမ်းမှုကြောင့် အသေအပျောက်များပြားခဲ့ပြီး တစ်နိုင်ငံလုံးအဆင့် ဝမ်းနည်းကြေကွဲမှုရက် အဖြစ် ၃ ရက်ထားရှိရန် ဂွာတီမာလာအစိုးရက ထုတ်ပြန်ခဲ့သည်။ အဆိုပါ မီးလောင်မှုကြောင့် မိန်းကလေး ၂၁ ဦးကျော် သေဆုံးခဲ့ပြီး လူပေါင်း ၄၀ ကျော်ခန့် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ရဲတပ်ဖွဲ့က အဆိုပါ မီးလောင်ကျွမ်းမှုအား မတော်တဆမဟုတ်ဘဲ ရှို့မီးဖြစ်တယ်လို့ ယူဆပါတယ်။ အဘယ့်ကြောင့်ဆိုသော ဂေဟာအတွင်း နှိပ်စက်ညှင်းပန်းမှုများ ရှိသည်ဆိုသော သတင်းကို ရဲတပ်ဖွဲ့အပြင် မြို့ခံပြည်သူများ အားလုံးလဲ သိရှိကြသည်။

မီးလောင်မှုနဲ့ပတ်သတ်၍ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန် ညွှန်ကြားထားပြီး ကုလသမ္မဂ အဖွဲ့အစည်းကပါ အဆိုပါ ဖြစ်ရပ်ကို ပြင်းထန်စွာ ရှုံ့ချထားသည်။ ဂွာတီမာလာနိုင်ငံအနေနှင့် မြှှီးကောင်ပေါက် အရွယ်များရဲ့ဘဝကို လုံခြုံစေဖို့ အပြည့်အ၀ ကာကွယ်ထားပေးသင့်သည် ဟု ကုလသမ္မဂက မှတ်ချက်ပြုလိုက်သည်။

လူငယ်ဂေဟာမှာ လူပေါင်း ၄၀၀ ကျော်ခန့်အတွက်သာ ဆောက်လုပ်ထားသောလည်း ပြဿနာမှာ လူဝင်ဆံ့နိုင်သည့် ပမာမဏထက် ပိုမိုများပြားနေခြင်း ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: