
Facebook ကို တည်ထောင်ခဲ့သူ မာ့ခ်ဇူကာဘတ်ဟာ ဟားဗတ်တက္ကသိုလ်ကနေ ၂၀၀၅ ခုနှစ်ထဲက ထွက်လာပြီးနောက် သူ့ရဲ့ Facebook ကိုဘဲ အောင်မြင်ဖို့ အာရုံစိုက်ခဲ့ပါတယ်။ ယခုဆိုရင် Facebook ဟာ ကမ္ဘာပေါ်မှာ အကြီးဆုံး လူမှုကွန်ရက်ဝက်ဘ်ဆိုဒ် အဖြစ် အောင်မြင်လာပြီး အားလုံးသိထားကြတာ ဇူကာဘတ်ဟာ ဟားဗတ်တက္ကသိုလ်ကနေ ကျောင်းမပြီးဘဲ အောင်မြင်လာတယ်ဆိုတာပါဘဲ။
မာ့ခ်ဇူကာဘတ်ဟာ ၂၀၀၅ခုနှစ်မှာ ဟားဗတ်တက္ကသိုလ်ကနေထွက်ခဲ့တာကြောင့် ယခု ၂၀၁၇ခုနှစ်ဆိုရင် ကျောင်းထွက်ခဲ့တာ ၁၂ နှစ်ပြည့်ခဲ့ပါပြီ။ ဟားဗတ်တက္ကသိုလ်ရဲ့ တရားဝင်ဝက်ဘ်ဆိုဒ်ကနေ မာ့ခ်ဇူကာဘတ်အား ဂုဏ်ထူးဆောင် ဒီဂရီဘွဲ့ပေးအပ် ချီးမြှင့်မယ်ဆိုပြီး ကြေငြာလိုက်ပါတယ်။ ဒါ့အပြင် ဇူကာဘတ်အနေနဲ့လည်း ဟားဗတ်တက္ကသိုလ်မှာ မိန့်ခွန်းပြောရအုံးမှာ ဖြစ်ပါတယ်။
ဟားဗတ်တက္ကသိုလ် ဥက္ကဌ Drew Faust က ” မာ့ခ်ဇူကာဘတ်ရဲ့ ခေါင်းဆောင်မှုဟာ တစ်ကမ္ဘာလုံးက လူငယ်တွေအတွက် အတုယူစရာပါဘဲ ” ဟုပြောကြားခဲ့သည်။
Microsoft နည်းပညာကုမ္ပဏီတည်ထောင်သူ ဘီဂိတ်လ်ကတော့ ” လူတွေကို ကူညီဖို့အတွက် အမြဲတမ်း ပျော်ရွှင်နေပါစေ၊ ဟားဗတ်က ချီးမြှင့်တဲ့ ဂုဏ်ထူးဆောင်ဒီဂရီက မင်းရဲ့လုပ်ငန်းတွေအတွက် အထောက်အကူပြုနိုင်မှာပါ ” လို့ မှတ်ချက်ပေးခဲ့ပါတယ်။