
ပိုကီမွန်ဂိုး ဂိမ်းဟာ ၂၀၁၆ ခုနှစ်မှာ စတင်ထွက်ရှိကာ ပိုကီမွန်အကောင်လေးများကို လိုက်လံဖမ်းစီးရတဲ့ ဂိမ်း ဖြစ်ပါတယ်။ အဆိုပါ ဂိမ်းဟာ ပြင်ပကမ္ဘာပေါ်မှာ ကိုယ်တိုင် အကောင်ဖမ်းရှာထွက်ရတာ ဖြစ်ပြီး လမ်းပေါ်မှာ၊ ပန်းခြံပေါ်မှာနဲ့ လူသွားလူလာများတဲ့ နေရာတွေမှာ ပိုကီမွန်ကောင်လေးတွေက နေရာအနှံ့ပေါ်တာ ဖြစ်ပါတယ်။ ဒါ့အပြင် ပိုကီမွန် အကောင်အမျိုးအစားများစွာရှိပြီး ဖမ်းဖို့မလွယ်တဲ့ ရှားပါးပိုကီမွန်အကောင်လေးတွေလဲရှိပါတယ်။
စင်ကာပူနိုင်ငံမှာ အသက် ၆၇ နှစ်အရွယ်ရှိတဲ့ အမျိုးသားတစ်ဦးဟာ ပိုကီမွန်ဂိမ်းကို စွဲလန်းနှစ်သက်နေသူတစ်ဦး ဖြစ်ပြီး သူ့မှာ ပိုကီမွန်အမျိုးအစား ၂၀၀ ကျော်ဖမ်းမိထားပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းမှာ အဆိုပါ အမျိုးသားဟာ Lapras monster တစ်ကောင်ကို ဖမ်းမိပြီး နှလုံးရောဂါနဲ့ သေဆုံးသွားပါတယ်။ Lapras monster ဟာ ရှားပါး ပိုကီမွန်အမျိုးအစားဖြစ်ပြီး စိတ်လှုပ်ရှားလွန်းလို့ နှလုံးထိခိုက်မှု ဖြစ်သွားတယ်လို့ ယူဆရပါတယ်။
သေဆုံးသူ အမျိုးသားဟာ နေ့စဉ် ပိုကီမွန်အကောင်လေးများကို ရှာဖွေလျက်ရှိပြီး ပိုကီမွန်ဂိုး ဂိမ်း level 28 သို့ရောက်ရှိနေပြီ ဖြစ်ပါတယ်။ လက်ရှိကမ္ဘာပေါ်မှာ ပိုကီမွန်အကောင်အားလုံးကို ရှာဖွေနိုင်ခဲ့သူက လက်ချိုးရေလို့ရပါသေးတယ်။