Home News မူးယစ်ဆေးဝါးရောင်းဝယ်သူများကို သေဒဏ်ပေးမည့် ဥပဒေ ဖိလစ်ပိုင်အောက်လွှတ်တော် အတည်ပြု

မူးယစ်ဆေးဝါးရောင်းဝယ်သူများကို သေဒဏ်ပေးမည့် ဥပဒေ ဖိလစ်ပိုင်အောက်လွှတ်တော် အတည်ပြု

0
မူးယစ်ဆေးဝါးရောင်းဝယ်သူများကို သေဒဏ်ပေးမည့် ဥပဒေ ဖိလစ်ပိုင်အောက်လွှတ်တော် အတည်ပြု

ဖိလစ်ပိုင်နိုင်ငံဟာ သမ္မတဒူတာတေး တက်လာပြီးနောက်ပိုင်းမှာ မူးယစ်ဆေးဝါးကိုင်တွယ်မှုဟာ ပိုမိုကြမ်းတမ်းလာပြီး ကမ္ဘာ့အကြမ်းဆုံး မူးယစ်ဆေးဝါးအမှုများကို ကိုင်တွယ်တဲ့ သမ္မတအဖြစ်တောင် မှတ်တမ်းဝင်နေပါပြီ။ ယခုလည်း သမ္မတ ဒူတာတေးရဲ့ စီစဉ်မှုနဲ့အတူ မူးယစ်ဆေးဝါးရောင်းဝယ်သူများကို သေဒဏ်ပေးနိုင်မယ့် ဥပဒေကို တင်သွင်းခဲ့ပြီး အဆိုပါ ဥပဒေကို ဖိလစ်ပိုင် အောက်လွှတ်တော်က အတည်ပြုခဲ့ပါတယ်။

မဲခွဲတဲ့အခါ ထောက်ခံသူ ၂၁၆မဲ၊ ကန့်ကွက်သူ ၅၄မဲနဲ့ ကြားနေ ၁မဲ ရရှိပြီး အောက်လွှတ်တော်မှာ ဥပဒေမူကြမ်းကို အတည်ပြုလိုက်ပါတယ်။ ဒါပေမယ့်လည်း အထက်လွှတ်တော်မှာ ထပ်မံ အတည်ပြုမှု လိုအပ်ပါသေးတယ်။ အထက်လွှတ်တော်ကသာ ငြင်းပယ်ခဲ့ရင် အဆိုပါ ဥပေဒမှာ အသက်ဝင်မှာ မဟုတ်ပါဘူး။ နိုင်ငံရေးကျွမ်းကျင်သူများကတော့ ဒူတာတေးဟာ မူးယစ်ဆေးဝါးအမှုကို အကြောင်းပြပြီး သူ့ရဲ့ ပြိုင်ဘက်တွေကို ရှင်းထုတ်ဖို့ စီစဉ်တာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဖိလစ်ပိုင်နိုင်ငံရဲ့ နိုင်ငံရေးဟာ ရှုပ်ထွေးပြီး နိုင်ငံရေးလုပ်သူများနှင့် အစိုးရဝန်ထမ်းများအပါအဝင် မူးယစ်ဆေးဝါးရောင်းဝယ်သူများနဲ့ ပေါင်းနေသူ အများအပြားရှိပါတယ်။

အကယ်၍သာ သေဒဏ်ပေးနိုင်သည့် ဥပဒေ အတည်ဖြစ်ခဲ့ပါက မူးယစ်ရာဇာများအနေနဲ့ အခြားနိုင်ငံများသို့ ထွက်ပြေးတိမ်းရှောင်သွားနိုင်သော်လည်း ၎င်းတို့နဲ့ဆက်စပ်သော နိုင်ငံရေးသမားများ၊ လွှတ်တော်အမတ်များမှ ပြေး၍ မရဘဲ ကံမကောင်းလျင် အဆိုပါ နိုင်ငံရေးသမားများပါ သေဒဏ်ကျနိုင်မည့် အရေး ဖြစ်နေသည်။ ထို့ကြောင့် သမ္မတ ဒူတာတေးက အဆိုပါ ဥပဒေအတည်ပြုရေးအတွက် ပြင်ဆင်နေခြင်း ဖြစ်သည်ဟု မှတ်ချက်ပေးကြသည်။

ဖိလစ်ပိုင်သမ္မတ ဒူတာတေးသည် မူးယစ်ဆေးဝါးရောင်းဝယ်သူ နှင့် ပါဝင်ဆက်စပ်သူ ၆သောင်းကျော်ခန့် ဖမ်းဆီးထားပြီး ဖမ်းစီးခြင်း လုပ်နေစဉ်အတွင်း ထွက်ပြေးပါက သေနတ်ဖြင့် အသေပစ်သတ်ရန် ရဲတပ်ဖွဲ့အား အမိန့်ပေးထားသည်။ ထို့ကဲ့သို့သော အမိန့်ကြောင့် လက်ရှိတွင် လူပေါင်း ၈၀၀၀ ကျော် ပစ်သတ်ခံခဲ့ရပြီး လက်ရှိတွင် ၆သောင်းကျော်အထိ ဖမ်းစီးရမိထားသည်။ ဖမ်းစီးထားသော သူများတွင် နိုင်ငံရေးလှုပ်ရှားသူများနှင့် ရဲတပ်ဖွဲ့ဝင် အချို့ပါဝင်သည်။

သေဒဏ်ပေးမည့် ဥပဒေအတည်ဖြစ်ခဲ့ပါက လူပေါင်း ၆သောင်းကျော်ကို မည်သို့စီရင်မည်မှာ စဉ်းစားစရာ ဖြစ်လာသည်။ လက်ရှိတွင် လူ့အခွင့်အရေးအဖွဲ့အစည်းက ဖိလစ်ပိုင်သမ္မတ ဒူတာတေး၏ စီရင်ချက်ကို ရှုံ့ချလျက်ရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: