
Pornhub ဆိုတာ ကမ္ဘာ့အကြီးဆုံး လိင်ဖျော်ဖြေမှုဆိုင်ရာ ဝက်ဘ်ဆိုဒ်တစ်ခု ဖြစ်ပြီး Pornhub ရဲ့ မှတ်တမ်းများအရ အမျိုးသမီးများဟာ အမျိုးသားများထက် အပြာရုပ်ရှင်များ ပိုမိုကြည့်ရှုကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ အမျိုးသမီးများဟာ စမတ်ဖုန်းများမှ တစ်ဆင့် ကြည့်ရှုမှုပိုများတယ်လို့ ဆိုပါတယ်။
မှတ်တမ်းများအရ စမတ်ဖုန်းကနေတစ်ဆင့် အမျိုးသားတွေရဲ့ အပြာကားများ ကြည့်ရှုမှုဟာ ၆၉.၂ ရာခိုင်နှုန်းရှိပြီး အမျိုးသမီးတွေရဲ့ ကြည့်ရှုနှုန်းကတော့ ၇၉.၈ ရာခိုင်နှုန်း ဖြစ်ပါတယ်။ ဒါကြောင့် အမျိုးသမီးတွေရဲ့ အပြာကားကြည့်ရှုနှုန်းဟာ အမျိုးသားများထက် ၁၀.၆ ရာခိုင်နှုန်းပိုမိုများပြားပါတယ်။ ကြည့်ရှုသူ အမျိုးသမီးတွေရဲ့ ပျှမ်းမျှ အသက်တွေရဲ့ ခန့်မှန်းချက်ကတော့ ၁၈ နှစ်ကနေ ၃၄ နှစ်ကြား ဖြစ်ပါတယ်။
အပြာကားကြည့်ရှုသူအမျိုးသမီးများရဲ့ ၈၄ရာခိုင်နှုန်းကတော့ Windows OS အသုံးပြုသူများ ဖြစ်ကြပြီး ၁၂ ရာခိုင်နှုန်းကတော့ iOS အသုံးပြုသူများ ဖြစ်ပါတယ်။ Linux OS အသုံးပြုသူအနည်းငယ်ကသာ အပြာကားရုပ်ရှင် ဝက်ဘ်ဆိုဒ်သို့ဝင်ကြည့်ပါတယ်။
ဒါကြောင့် သင် Website တစ်ခုထဲသို့ဝင်ကြည့်မယ်ဆိုရင် သင်ဘယ် စမတ်ဖုန်းသုံးနေတယ်၊ အမျိုးသား အမျိုးသမီးလားဆိုတာ ဘယ်သူမှ မသိဘူးလို့ မထင်လိုက်ပါနဲ့။ သင့်ရဲ့ လုပ်ဆောင်ချက်၊ လှုပ်ရှားမှုတွေကို နည်းပညာအရ လိုက်လံမှတ်တမ်းတင်နေတယ်ဆိုတာ သိထားလိုက်ပါ။