
မြန်မာ့အတာသင်္ကြန်ရုံးပိတ်ရန် ၁၀ ရက်နေ့ ၅ ရက်အထိ လျော့ချဖို့ သုံးသပ်စဉ်းစားနေတယ်လို့ အစိုးရအဖွဲ့က ထုတ်ပြန်ထားပါတယ်။ အကြောင်းရင်းမှာ ဘဏ်လုပ်ငန်းများနဲ့ ကူးသန်းရောင်းဝယ်ရေးကိစ္စတွေမှာ နိုင်ငံတစ်ကာနဲ့ ချိတ်ဆက်လုပ်ကိုင်ရသောကြောင့် အချိန်နှောင့်နှေးမှု မဖြစ်စေလိုသောကြောင့် ဖြစ်ပါတယ်။
သို့သော်လည်း အဆိုပါ ရုံးပိတ်ရက် လျော့ချမည့် အစီအစဉ်မှာ သုံးသပ်ဆဲဖြစ်ပြီး အတည်မပြုနိုင်သေးပေ။ ဗဟိုအဖွဲ့အစည်းများနဲ့ အစိုးရဝန်ကြီးဌာနတွေရဲ့ လုပ်ငန်းဆောင်တာတွေအပေါ် ထိခိုက်မှု ရှိမရှိဆိုတဲ့အကြောင်းကို အားလုံး အတည်ပြုပေးမှသာလျှင် ရုံးပိတ်ရက် လျော့ချမည့် အစီအစဉ် အထမြောက်မှာ ဖြစ်ပါတယ်။
ရုံးပိတ်ရက် ၁၀ ရက်မှ ၅ ရက်ထိ လျော့ချမည့်အစီအစဉ်ကြောင့် လက်ရှိတွင် ဝေဖန်မှုများစွာ ပေါ်ပေါက်လျက်ရှိပြီး လက်တွေ့တွင် မည်သို့ ဖြစ်လာမည်နည်း ဆိုသည်မှာ စောင့်ကြည့်ရုံသာ ရှိသည်။