Home News အောင်စေပိုင်စေ ဘိုးတော်များနဲ့ တက္ကသိုလ်ဝင်တန်း စာမေးပွဲ

အောင်စေပိုင်စေ ဘိုးတော်များနဲ့ တက္ကသိုလ်ဝင်တန်း စာမေးပွဲ

0
အောင်စေပိုင်စေ ဘိုးတော်များနဲ့ တက္ကသိုလ်ဝင်တန်း စာမေးပွဲ

ဒီကနေ့ မတ်လ ၈ ရက်နေ့ဟာဆိုရင် မြန်မာတစ်နိုင်ငံလုံးမှာ တက္ကသိုလ်ဝင်တန်းစာမေးပွဲ စတင်ဖြေဆိုတဲ့နေ့ ဖြစ်သလို နတ်ကွန်း၊ နတ်နန်းတွေမှာ ပွဲတွေ ပြည့်တဲ့ နေ့ဆိုရင်လည်း မမှားပါဘူး။ နတ်ကွန်း၊နတ်နန်းတွေကတော့ မတ်လ အတွင်းမှာ အုန်းပွဲ၊ ငှက်ပျောပွဲတွေနဲ့ စည်ကားသိုက်မြိုက်နေသလို ဘိုးတော် အကူအညီနဲ့ စာမေးပွဲဖြေဆိုကြမယ့်သူတွေလည်း မနည်းလှပါဘူး။ နေရာဒေသအပေါ်မူတည်၍ ဘိုးတော်တို့ကို ဆက်ကပ်တဲ့ပွဲတွေ ကွာသလို ယတြာနည်းစနစ်တွေလဲ ကွာလှသည်။ ထိုကဲ့သို့သော ဗေဒင်၊ ယတြာများနှင့် ဘိုးတော်တို့ကို မယုံကြည်သူ ရှိသူသော်လည်း ယုံကြည်သည့် သူများက ပိုမိုများပြားလှသည်။

လက်ရှိတွင် မြန်မာတစ်နိုင်ငံလုံးရှိ နတ်ကွန်းများမှာ အုန်းပွဲတွေတင်၊ မေတ္တာပို့စာ၊ ဆုတောင်းစာများနဲ့ ပြည့်နှက်နေပြီ ဘိုးတော်များပင် လက်မလည်အောင် ကူညီမစရမည့် အနေအထားသို့ရောက်နေသည်။ လက်တွေ့တွင် ဖြစ်နိုင် မဖြစ်နိုင် ဆိုသည်မှာ နောက်ထား၊ စိတ်အားထက်သန်ရာကို လုပ်လိုက်ရမှာ စိတ်ကျေနပ်မှု ရရှိသွားကြသည် မဟုတ်ပါလား။ ယုံကြည်မှု လွန်ကဲသူများကတော့ စာမေးပွဲအောင်ရင် နတ်ကနား ပေးမည်ဟု ဆုတောင်းကတိဝတ်ပြုကြသူတွေလည်း ရှိသည်။

ဘိုးတော်နဲ့ နတ်တို့ကို မယုံကြည်သူများကတော့ ” ကိုယ် စာကို သေချာကျက်ထားရင် အောင်မှာပါ၊ ကိုယ့်အပေါ်ဘဲ မူတည်တယ် ” လို့ ပြောသူရှိသလို ယုံကြည်မှုလွန်ကဲသူများကတော့ ” ကိုယ့်ဟာကို စာပိုင်နေလဲ၊ နာမ်ပိုင်းဆိုင်ရာ ချွတ်ချော် မှားယွင်းသွားရင် ကျသွားနိုင်တယ် ဒါကြောင့် နာမ်ပိုင်းဆိုင်ရာ ချွတ်ချော်မှားယွင်းမှုမရှိအောင် ဘိုးတော်တို့ကို အကူအညီတောင်းထားရတာ ” လို့ ပြောနေကြပြန်လေရဲ့။ မည်သို့ပင် ဖြစ်စေကာမူ မြန်မာနိုင်ငံ၏ နတ်ကွန်း၊ နတ်နန်းများကား နတ်ကနားပေးသည့်အချိန်နှင့် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေချိန်ကာလတွင် အစည်ကားဆုံး ဖြစ်နေတော့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: