Home News Xiaomi Mi Mix 2 မှာ ဘာတွေတိုးတက်ပြောင်းလဲမှုရှိမလဲ

Xiaomi Mi Mix 2 မှာ ဘာတွေတိုးတက်ပြောင်းလဲမှုရှိမလဲ

0
Xiaomi Mi Mix 2 မှာ ဘာတွေတိုးတက်ပြောင်းလဲမှုရှိမလဲ

Xiaomi ရဲ့ Mi Mix စမတ်ဖုန်းက ၂၀၁၆ ခုနှစ် အောက်တိုဘာလမှာ ထွက်ရှိခဲ့ပြီး ယခုအချိန်မှာတော့ Xiaomi ကို တည်ထောင်သူ လေကျွင်း က Mi Mix ရဲ့ မျိုးဆက်အသစ်တွေကို ထုတ်လုပ်နေပြီ ဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ ဒါကြောင့် Mi Mix 2 ထွက်မယ်ဆိုတဲ့ သတင်းဟာ သေချာသွားပြီ ဖြစ်သလို ဘာတွေ တိုးတက်ပြောင်းလဲမှုတွေ ဖြစ်မလဲဆိုတာကိုတော့ ကြည့်လိုက်ရအောင်။

အရင်ဆုံးထွက်ရှိခဲ့တဲ့ Mi Mix ဟာ ဖုန်းမျက်နှာပြင်နဲ့ကိုယ်ထည်ရဲ့ အချိုးက ၉၁.၃ ရာခိုင်နှုန်းရှိတာကြောင့် ဘေးဘောင်မဆိုစလောက်လေးသာ မြင်ရမှာပါ။ အဝေးကကြည့်ရင်တော့ ဖုန်းဟာ မှန်သားပြင်ကြီးအနေနဲ့မြင်ရသလိုပါဘဲ။ မကြာခင် ထွက်ရှိမယ့် Mi Mix 2 မှာ ဖုန်းမျက်နှာပြင်နဲ့ ကိုယ်ထည် အချိုးက ၉၃ ရာခိုင်နှုန်းဖြစ်လာမှာပါ။ ဒါကြောင့် ဘေးဘောင်တွေ မရှိသလောက်ကို ဖြစ်သွားပြီ မှန်သားပြင်ကြီးတစ်ခုလုံးကို ကိုင်ရမယ့် ခံစားချက်မျိုးရရှိစေမှာပါ။

မှန်သားပြင် အပြည့်ဖြစ်လာမယ့် အပြင် Display ကို Curved AMOLED ဖြစ်လာမှာ ဖြစ်တဲ့အတွက် အရောင်အသွေးကတော့ စိုပြေနေမှာပါ။ လက်ဗွေရာစနစ်ကိုတော့ ဖုန်းရဲ့ အရှေ့ဘက်မှန်သားပြင်မှာ ထည့်မယ်လို့ သိရှိရပါတယ်။ ဘယ်အချိန်ထွက်ရှိမလဲဆိုတာကိုတော့ မကြေငြာရသေးပေမယ့် ကျွမ်းကျင်သူများကတော့ ၂၀၁၇ နှစ်အလယ်လောက်မှ ထွက်ရှိနိုင်မယ်လို့ မှတ်ချက်ပြုကြပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: