
မတ်လ ၆ ရက် နံနက် ၂ နာရီတွင် MNDAA အဖွဲ့မှ လောက်ကိုင်မြို့ ရန်လုံကျိုင်းရဲစခန်းနှင့် ကိုးကန့်ကိုယ်ပိုင်အုပ် ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ အဖွဲ့ဝင် ဦးဝေဆန်း၏နေအိမ်ကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ထို့အပြင် လောက်ကိုင်မြို့ရှိ ကျင်းထင်ဟိုတယ် ကို ဝင်ရောက်ပစ်ခတ်ပြီး ကား၄ စီးကို မီးရှို့ဖျက်စီးခဲ့ပြီး ဖူလီလိုက် ဟိုတယ် ငွေသိမ်းကောင်တာအား ဓားပြတိုက်ယူခဲ့သည်ဟု နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ချက်တွင် ကြေငြာခဲ့သည်။
MNDAA လက် နက်ကိုင်အဖွဲ့အင်အား ၃၀ ခန့်က ရဲဝတ်စုံများ အယောင်ဆောင် ဝတ်ဆင်ထားပြီး တပ်မတော်နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ပူးပေါင်းလုံ ခြုံရေးအဖွဲ့ဝင်များက ပြန်လည် ခုခံပစ်ခတ်ခဲ့ရကြောင်း ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။ MNDAA အဖွဲ့သား အယောက် ၅၀ ခန့်မှ ဒေသဦးစီး အဖွဲ့ဝင် ဦးဝေဆန်း၏ နေအိမ်ကို တိုက်ခိုက်ပစ်ခတ်ခဲ့ပြီး တစ်မြို့လုံးအား ၄နေရာ ခွဲ၍ သောင်းကျန်းဖျက်ဆီးပစ်ခတ်မှုများ ကြောင့် ကျောင်းဆရာမ ၁ဦး၊ အရပ်သား ၅ ဦး ၊ ကိုးကန့်ယာဉ်ထိန်းရဲ ၅ဦး သေဆုံးခဲ့သည်။
သေဆုံးသွားသော ကျောင်းဆရာမ မှာ ကလေးမီးဖွားပြီး ၄ ရက်ခန့်သာ ရှိပြီး အလုပ်ပြန်ဆင်းသည်မှာ ရက်ပိုင်းခန့်သာရှိသေးသည်။ လက်ရှိတွင် သေဆုံးသူ ဦးရေ သာဖော်ပြထားပြီး ဒဏ်ရာရရှိသူဦးရေ ကို မထုတ်ပြန်ရသေးချေ။ ခန့်မှန်းချက်များအရ ဒဏ်ရာရရှိသူ ပိုမိုများပြားမည်ဟု သိရှိရသည်။