Home News Dota 2 ဂိမ်းပြိုင်ပွဲ ၄ လ ကျော်သည်အထိ အနိုင်ရအသင်းများ၊ Organizer များနဲ့ ပါဝင်သူအတော်များများ ပိုက်ဆံမရရှိသေး

Dota 2 ဂိမ်းပြိုင်ပွဲ ၄ လ ကျော်သည်အထိ အနိုင်ရအသင်းများ၊ Organizer များနဲ့ ပါဝင်သူအတော်များများ ပိုက်ဆံမရရှိသေး

0
Dota 2 ဂိမ်းပြိုင်ပွဲ ၄ လ ကျော်သည်အထိ အနိုင်ရအသင်းများ၊ Organizer များနဲ့ ပါဝင်သူအတော်များများ ပိုက်ဆံမရရှိသေး

ကမ္ဘာကျော် E-Sport ဂိမ်းဖြစ်တဲ့ Dota 2 ဟာ လက်ရှိ E-Sport Game ပြိုင်ပွဲမှာ ဆုကြေး အမြင့်ဆုံး ဖြစ်ပါတယ်။ ဒါပေမယ့် The Score E-Sport ရဲ့ ထုတ်ပြန်ချက်အရ Dota2 ပြိုင်ပွဲမှာ အနိုင်ရရှိသွားတဲ့ အသင်း၊ ပွဲဖြစ်မြောက်ရေး အတွက် ပါဝင်တဲ့ Organizer တွေဟာ ယခုချိန်ထိ ပိုက်ဆံမရသေးဘူးလို့ ပြောပါတယ်။

Northern Arena CEO Carl-Edwin Michel ကတော့ အသင်းအဖွဲ့အတော်များများကိုတော့ ဆုကြေးတွေ ပေးပြီးပါပြီ။ ဒါပေမယ့် ကျန်ရှိတဲ့ အဖွဲ့တွေတော့ အနည်းငယ်ရှိသေးတယ်လို့ ပြောပါတယ်။ ဒါပေမယ့် ပြိုင်ပွဲကျင်းပပြီး ၄ လ ကျော်သည် အထိ ဆုကြေးမရသေးတာကြောင့် ဒီသတင်းဟာ မီဒီယာတွေအကြားမှာ ရေးသားဖော်ပြခြင်းကို ခံနေရပါတယ်။ ဆုကြေးပေးရမယ့် ဒေါ်လာ ၁သိန်းကို လာမည့် ရက်သတ္တပတ်အတွင်းမှာ ပေးအပ်ချီးမြှင့်မယ်လို့ ထုတ်ပြန်လိုက်ပြီး စာချုပ်ပါ စည်းမျဉ်း စည်းကမ်းတွေကို စစ်ဆေးနေတာကြောင့် အချိန်လင့်သွားတာ ဖြစ်တယ်လို့ ပြောပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: