Home Entertainment မြန်မာနိုင်ငံမှာ ရေပန်းစားနေတဲ့ Mobile Legends ဂိမ်း

မြန်မာနိုင်ငံမှာ ရေပန်းစားနေတဲ့ Mobile Legends ဂိမ်း

0
မြန်မာနိုင်ငံမှာ ရေပန်းစားနေတဲ့ Mobile Legends ဂိမ်း

” ဟာ သွားပြီ၊ ဟိုကောင်နောက် လိုက်ပါဟ၊ ငါ့ လခွမ်း ငါတော့ သေပြီဘဲ၊ Tank က ရှေ့ကမတက်ဘဲ Marksman တွေက အရှေ့ကတက်ရမှာလားဟ၊ ဒီကောင်က ဆေးပါကွာ၊ ပွဲပြီးလို့ကတော့ report ထိဖို့သာ ပြင်ထား” စတဲ့ အသံတွေကို နေရာတိုင်းနီးပါးကြားနေရပါတယ်။ ဒီအသံကြားရပြီဆိုရင် သင်ဟာ Mobile Legends သူရဲကောင်းတွေရဲ့ ပတ်ဝန်းကျင်ကို ရောက်နေပြီလို့ ပြောလို့ရပါတယ်။

တစ်ချိန်က COC ဂိမ်းတွေ ခေတ်စားခဲ့သလို ယခုအချိန်မှာ Trend တစ်ခုအနေနဲ့ မြန်မာပြည်က မိုဘိုင်းလ်ဖုန်းတွေပေါ်မှာ နေရာယူထားတဲ့ ဂိမ်းကတော့ Mobile Legends လို့ ပြောရပါလိမ့်မယ်။ Mobile Legends ဂိမ်းဟာ တစ်ဖက်ကို ၅ယောက်စီ တိုက်ခိုက်ရတဲ့ဂိမ်းမျိုး ဖြစ်ရပြီး တစ်ဖက်အသင်းမှာရှိတဲ့ တာဝါတိုင်ကို ချိုးနိုင်ရင် အနိုင်ရရှိပြီ ဖြစ်ပါတယ်။ တာဝါချိုးတဲ့ ဂိမ်းဆိုပြီး အထင်သေးရင်တော့ မှားသွားပါလိမ့်မယ်။ Teamwork ရှိမှသာ အနိုင်ရဖို့ အခွင့်အရေးများမှာပါ။ ဒါ့အပြင် ဂိမ်းကို ဘယ်လို ဗျူဟာခင်း ကစားမလဲဆိုတဲ့ စနစ်တွေ၊ အဖွဲ့အစည်းအတွက် မှန်ကန်တဲ့ Hero ကို ဘယ်လိုရွေးချယ်မလဲ၊ ဘယ်သူက အဓိက ဦးဆောင်မှာလဲဆိုတဲ့ စနစ်တွေ လိုအပ်ပါတယ်။

Mobile Legends မှာ ရွေးချယ်စရာ Hero တွေများပေမယ့် Hero တွေရဲ့ လုပ်ဆောင်နိုင်စွမ်းကို ၆ ပိုင်းခွဲခြားထားပါတယ်။ Tank, Fighter, Assassin, Mage, Marksman နဲ့ Support တို့ ဖြစ်ပါတယ်။ အချို့ hero တွေကတော့ လုပ်ဆောင်နိုင်စွမ်း ၂ခုလောက် ရှိပါတယ်။ အချို့ hero ကတော့ ကိုယ့်ရဲ့ ကျွမ်းကျင်ပိုင်နိုင်မှုအပေါ် မူတည်ပြီး skill 3 မျိုးလောက်ကို လုပ်ဆောင်နိုင်ပါတယ်။ Mobile Legends ကို ကစားတဲ့အခါ Teamwork နဲ့ ကစားဖို့ အကြံပြုလိုပါတယ်။ အချို့တွေက တစ်ယောက်ထဲ ကစားပြီး Rank မတက်တာမျိုးတွေ မကြာခဏ ဖြစ်နေတာကို တွေ့ရမှာပါ။

ဘယ်လို Hero ကို ယူသင့်လဲဆိုတာကိုတော့ ကိုယ်တိုင်ဘဲ သိပါလိမ့်မယ်။ အနီးခုတ်ကြိုက်လား၊ အဝေးပစ်ကြိုက်လား စတဲ့ ကိုယ့်ရဲ့ အားသန်ရာ hero တစ်ကောင်ထဲကိုဘဲ သေချာလေ့ကျင့်သင့်ပါတယ်။ Rank တက်ဖို့ ကြိုးစားတော့မယ်ဆိုရင် ပုံသေကိုင်တဲ့ hero တစ်ကောင်တော့ ရှိသင့်ပါတယ်။ မဟုတ်ရင် အရူးချီးပန်းသလို ဖြစ်နေပါလိမ့်မယ်။ Hero အကောင်သစ် စမ်းကစားတော့မယ်ဆိုရင် Rank Mode မှာ မကစားဘဲ Match Mode မှာ ကစားသင့်ပါတယ်။

နောက်တစ်ခုပြောချင်တာက MVP ပါ။ MVP ဆိုတာ တစ်ဖက် hero ကို သတ်နိုင်တိုင်းနဲ့ မရနိုင်ပါဘူး။ Hero Kill, Support, Gold ကို တွက်ချက်ပြီး MVP Rank ပေးတာ ဖြစ်ပါတယ်။ နောက်တစ်ခု သတိထားရမှာက MVP ရဖို့ အတွက် Mobile Legends မကစားပါနဲ့။ ကစားရင်းနဲ့သာ MVP ရပါစေ။ MVP ရဖို့အတွက် ကစားတာဟာ တစ်ကိုယ်ကောင်းဆန်သလို သင့်ကို ကောင်းကောင်းကြီး battle နိမ့်စေဖို့လည်း အကြောင်းရင်း တစ်ခု ဖြစ်စေပါတယ်။ တစ်ကိုယ်ကောင်းဆန်ရင် တစ်ဖက်အသင်းကို နိုင်ဖို့ ၅၀ရာခိုင်နှုန်းဘဲ ရှိပါတော့တယ်။

နောက်တစ်ခုက Jungle လုပ်တာပါ။ တောအောင်းတာဟာ မကောင်းဘူးလို့ မပြောပါဘူး။ ကောင်းပါတယ်။ ဒါပေမယ့် အခြေအနေကို ကြည့်ရပါလိမ့်မယ်။ ပွဲအစထွက်တဲ့က တစ်ဖက်အသင်းရဲ့ အခြေအနေမကြည့်ဘဲ တစ်ယောက်ထဲ တောအောင်းနေတာမျိုး တွေ ရှိပါတယ်။ ဒါကြောင့်လဲ ပထမဆုံး တာဝါပေးလိုက်ရတာမျိုးတွေ ဖြစ်တတ်ပါတယ်။

ဗျူဟာ ဘယ်လိုခင်းမလဲ။ အချိန်တိုအတွင်း မထင်မှတ်ထားတဲ့ တိုက်စစ်မျိုးကို ခင်းဖို့ ဆိုတာ မလွယ်တဲ့ကိစ္စပါ။ Dota နဲ့ legend of league ဂိမ်းကစားဖူးသူဆိုရင် အတွေ့အကြုံပိုများပါလိမ့်မယ်။ ပွဲစထွက်ထဲက ပထမတာဝါ နဲ့ ဒုတိယ တာဝါ ကြားမှာ အုပ်စုလိုက် ချုံခိုတိုက်ခြင်းမျိုးတွေ လုပ်နိုင်ပါတယ်။ သတိထားရမှာက အုပ်စုလိုက် တက်တဲ့အခါ teamwork မညီရင် တစ်ဖွဲ့လုံး ပျောက်သွားနိုင်ပါတယ်။ ဒါ့အပြင် မိမိအသင်းဘက်က တာဝါကို မကျိုးအောင်လည်း သတိထားဖို့လိုပါတယ်။

Item ဘယ်လိုစပ်မလဲ။ ဂိမ်းရဲ့ feature မှာပါတဲ့ အလိုအလျောက် item စပ်ပေးတာက newbies တွေအတွက်ဘဲ ကောင်းပါတယ်။ အမှန်တော့ တစ်ဖက်အသင်းရဲ့ အခြေအနေကို ကြည့်ပြီး item စပ်ရမှာ ဖြစ်ပါတယ်။ အထူးသဖြင့် Tank အကောင်တွေဆိုရင် Blade Armor , Heart of Steel, နဲ့ Saint’s Refuge လိုမျိုး item ကို စပ်ထားသင့်ပါတယ်။ Fighter, Assassin တွေကတော့ Physical Attack နဲ့ Critical Strikes တက်စေမယ့် item မျိုးကို ပိုစပ်သင့်ပါတယ်။

အကျဉ်းချုပ်အနေနဲ့ေ့ပြာရရင် Mobile Legends ဟာ legend of league ဂိမ်းရဲ့ပုံစံကို မိုဘိုင်းလ်ပေါ်မှာ ကစားနိုင်အောင် လုပ်ထားပေးတယ်လို့ ပြောရပါတယ်။ အချို့ကတော့ Dota နဲ့ပုံစံတူ မိုဘိုင်းလ်ဂိမ်းလို့ ပြောကြပေမယ့် အမှန်တစ်ကယ်တော့ legend of league ဂိမ်းရဲ့ ပုံစံကနေ ဆင်းသက်တာပါ။ မကြာခင်အချိန်အတွင်းမှာ Hero အသစ် တစ်ကောင် မိတ်ဆက်ဖို့ရှိပါတယ်။ Autobot-Johnson လို့အမည်ရတဲ့ ကားစက်ရုပ်ပုံစံရှိတဲ့ Hero အသစ် ဒီရက်ပိုင်းမှာ ထွက်ရှိမှာ ဖြစ်ပါတယ်။ သူ့ရဲ့ skill ကတော့ Support ဆန်ပါလိမ့်မယ်။ ဒီလောက်နဲ့ဘဲ ဒီပိုစ့်လေးကို ရပ်နားပါတော့မယ်။ အားလုံးဘဲ ဆေးမထိဘဲ Rank မြန်မြန်တက်ကြပါစေခင်ဗျာ။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: