
Mobile World Congress (MWC) 2017 ပြပွဲမှာ OPPO က 5x Dual Camera Zoom ကင်မရာကို မိတ်ဆက်လိုက်ပါတယ်။ အဆိုပါ စမတ်ဖုန်းဟာ အဝေးမှ အရာဝတ္ထုများကို အနီးအဝေးချိန်ညှိကာ ပြတ်သားစွာ ရိုက်နိုင်မယ့် 5x Zoom လုပ်ဆောင်ချက်ပါတဲ့ ကမ္ဘာ့ပထမဆုံး စမတ်ဖုန်းဖြစ်ပါတယ်။
အဝေးမှ အရာဝတ္ထုများကို ကြည်လင်ပြတ်သားအောင် အနီးကပ်ဆွဲယူရိုက်နိုင်ဖို့ တစ်နှစ်နီးပါးခန့် အချိန်ယူ တီထွင်ခဲ့ရပြီး OPPO မှ ထုတ်လုပ်မည့် စမတ်ဖုန်းများတွင် အဆိုပါ 5x Zoom နည်းပညာအား ထည့်သွင်းမည် ဟု သိရှိရသည်။ သာမန် ဖုန်းများမှာ Zoom ကို ၂ဆ သာဆွဲနိုင်ပြီး OPPO ၏ 5x Zoom ကတော့ ၅ဆ အထိ ဆွဲချဲ့နိုင်မှာ ဖြစ်ပါတယ်။
5x Dual Camera Zoom ဆိုသည်မှာ ရေငုပ်သင်္ဘောများတွင် တပ်ဆင်ထားသည့် အဝေးကြည့်မှန်ပြောင်းများ၏ လုပ်ဆောင်ချက်များအပေါ် အခြေခံထားခြင်း ဖြစ်သည်။ ကင်မရာအတွင်း အသေးစိတ်မြင်ကွင်းချဲ့ရန်အတွက် ၉၀ ဒီဂရီအထိ လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် အဆိုပါ dual ကင်မရာများမှ ပါးလွှာပြီး အထူ ၅.၇ မီလီမီတာ သာ ရှိမယ်လို့ ပြောပါတယ်။ ဒါ့အပြင် လှုပ်ရှားနေတဲ့ အရာဝတ္ထုတွေကိုလည်း ကြည်လင်ပြတ်သားတွေ မှတ်တမ်းတင် ရယူနိုင်မှာ ဖြစ်ပြီး မြင်ကွင်းဝေဝါးမှုကို ကာကွယ်နိုင် ရန် Optical Image Stabilization (OIS) နည်းပညာကို ထည့်သွင်းအသုံးပြုထားသည်။