Home News ၅၅ နှစ်အတွင်း အမြင့်ဆုံးအပူချိန်ကို ရင်ဆိုင်လာရမယ့် ထိုင်းနိုင်ငံ

၅၅ နှစ်အတွင်း အမြင့်ဆုံးအပူချိန်ကို ရင်ဆိုင်လာရမယ့် ထိုင်းနိုင်ငံ

0
၅၅ နှစ်အတွင်း အမြင့်ဆုံးအပူချိန်ကို ရင်ဆိုင်လာရမယ့် ထိုင်းနိုင်ငံ

ထိုင်းနိုင်ငံဟာ ယခု ၂၀၁၇ ခုနှစ် ဧပြီလ က စပြီး အပူဆုံးရာသီဥတုကို ခံစားရမယ့် အနေအထားကို ရောက်နေပါတယ်။ ထိုင်းနိုင်ငံ မိုးလေဝသဦးစီးဌာန ကတော့ ရာသီဥတုအခြေအနေကို အသေးစိတ်ထုတ်ပြန်ဖို့ အမြန်ဆုံး စီစဉ်နေတယ်လို့ ပြောပါတယ်။ ဧပြီလ တစ်လလုံးမှာ အပူချိန်အမြင့်မားဆုံးတိုးမည် ဖြစ်ပြီး ဧပြီလ ကုန်ခါနီးမှာ အဆိုးရွားဆုံး အခြေအနေအထိ ရောက်နိုင်တယ်လို့ ပြောပါတယ်။

တက်လာမယ့် အပူချိန်ကတော့ မတွေးရဲစရာပါဘဲ။ ၄၂-၄၃ ဒီဂရီ ဆဲစီးရပ် အထိ မြင့်တက်မှာ ဖြစ်ပါတယ်လို့ မိုးလေဝသ ဦးစီးဌာနက ထုတ်ပြန်လိုက်ပါတယ်။ အဆိုပါ ဖြစ်ရပ်ကြောင့် မိုးကြိုးမုန်တိုင်း၊ လေပြင်းများနဲ့အတူ မိုးသီးကြွေကျမှုလည်း ဖြစ်နိုင်ပါတယ်လို့ ပြောပါတယ်။ ဒါမျိုး အဖြစ်အပျက်မျိုးကို လွန်ခဲ့သော နှစ်ပေါင်း ၅၀ ကျော်က ထိုင်းနိုင်ငံမှာ ရင်ဆိုင်ခဲ့ရဖူးပါတယ်။

ဒါပေမယ့် ဒီတစ်ခေါက် ဖြစ်မယ့် အပူချိန်တိုးခြင်းဟာ ၅၅ နှစ်အတွင်း အပူချိန်အမြင့်ဆုံး အခြေအနေဖြစ်လိမ့်မယ်လို့ မိုးလေဝသဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။ အပူချိန်ဟာ ဘယ်လောက်ထိ မြင့်နိုင်လဲဆိုတာကို ပုံမှာ သရုပ်ဖော်ပြထားတာကို တွေ့ရမှာပါ။ ကမ္ဘာမြေပြင်နဲ့ နေအဖွဲ့အစည်းပိုမိုနီးကပ်လာရင် ခံစားရမယ့် အပူချိန်နဲ့ တူညီနေတာကို သရုပ်ဖော်ပြထားတာ ဖြစ်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: