Home News Samsung Galaxy S8 ရဲ့ ပုံရိပ်နှင့် ဗီဒီယိုဖိုင်များ ပေါက်ကြားမှုဖြစ်ပွား

Samsung Galaxy S8 ရဲ့ ပုံရိပ်နှင့် ဗီဒီယိုဖိုင်များ ပေါက်ကြားမှုဖြစ်ပွား

0
Samsung Galaxy S8 ရဲ့ ပုံရိပ်နှင့် ဗီဒီယိုဖိုင်များ ပေါက်ကြားမှုဖြစ်ပွား

Samsung Galaxy S8 မကြာမှီထွက်ရှိ ရောင်းချတော့မှာကို လူတိုင်းသိနေပေမယ့် လက်ရှိမှာ Galaxy S8 ဘယ်လိုပုံစံရှိလဲဆိုတာ ဘယ်သူမှမသိသေးပါဘူး။ အင်တာနက်ပေါ်မှာ တွေ့နေရတဲ့ ပုံတွေက ခန့်မှန်းရေးဆွဲထားတဲ့ ပုံတွေ ဖြစ်ပြီး ယခုပေါက်ကြားတဲ့ ပုံနဲ့ ဗီဒီယိုကတော့ Samsung Galaxy S8 ရဲ့ ပုံရိပ်အစစ်လို့ ဆိုပါတယ်။

ပေါက်ကြားလာတဲ့ ပုံရိပ်များအရ Galaxy S8 ဟာ home button မပါရှိတော့တာကို တွေ့ရပါမယ်။ ဒါ့အပြင် ဖုန်းကို လုံခြုံရေးအရ လက်ဗွေရာကို မျက်နှာပြင်ပေါ်မှာဘဲ ထိတွေ့ရမယ်လို့ ယူဆရပါတယ်။ ဒါမှမဟုတ် Iris scanner ပါတဲ့ အတွက် မျက်လုံးနဲ့ ဖုန်းကို lock အဖွင့်အပိတ်လုပ်နိုင်မှာပါ။

ဖုန်း ဘတ်ထရီအားသွင်းဖို့ wireless charging ဖြစ်တဲ့အတွက် ကြိုးမဲ့ စနစ်နဲ့ အားသွင်းနိုင်အုံးမှာပါ။ Headphone jack ကတော့ iPhone နဲ့ဆင်တူတာ ဖြစ်ပြီး ချိတ်ဆက်မှုအတွက် USB Type-C ကို အသုံးပြုထားတာကို တွေ့ရမှာပါ။ အောက်ပါ video ကတော့ Samsung Galaxy S8 ကို လက်ထဲမှာ ကိုင်ပြထားတာ ဖြစ်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: