Home News မလေးရှားနိုင်ငံမှ မြောက်ကိုးရီးယား သံအမတ်အား ၄၈ နာရီအတွင်း နိုင်ငံမှထွက်သွားရန် နှင်ထုတ်

မလေးရှားနိုင်ငံမှ မြောက်ကိုးရီးယား သံအမတ်အား ၄၈ နာရီအတွင်း နိုင်ငံမှထွက်သွားရန် နှင်ထုတ်

0
မလေးရှားနိုင်ငံမှ မြောက်ကိုးရီးယား သံအမတ်အား ၄၈ နာရီအတွင်း နိုင်ငံမှထွက်သွားရန် နှင်ထုတ်

မြောက်ကိုးရီးယားခေါင်းဆောင် ကင်ဂျုံအန်း ရဲ့ အကို ဝမ်းကွဲ ကင်ဂျုံနမ် လုပ်ကြံခံရမှုနဲ့ ပတ်သတ်ပြီး နိုင်ငံ ၂ခု အကြား တင်းမာမှုများ ဖြစ်ကာ မြောက်ကိုးရီးယားသံတမန် အား နိုင်ငံမှ နှင်ထုတ်ခြင်း ဖြစ်ခဲ့ပါတယ်။ မြောက်ကိုးရီးယာ သံအမတ် ကင်ချုး က မလိုလားအပ်တဲ့ စကားအသုံးအနှုံးတွေနဲ့ မလေးရှားအစိုးရ စုံစမ်းစစ်ဆေးရေးအဖွဲ့အား ပြစ်တင်ခဲ့ပြီး အဆိုပါ စကားများအတွက် ပြန်လည် တောင်းပန်မှု မပြုလုပ်တဲ့အတွက် နိုင်ငံကနေ နှင်ထုတ်တယ်လို့ ပြောပါတယ်။

မလေးရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး အာမန် က မြောက်ကိုးရီးယားအစိုးရနဲ့ သံအမတ်တို့အား အကြောင်းကြားစာပို့ထားပြီး နိုင်ငံအတွင်းမှ ၄၈ နာရီအတွင်း ထွက်ခွာဖို့ အကြောင်းကြားစာ ပို့လိုက်ပါတယ်။ ဒါကြောင့် မလေးရှားနိုင်ငံအနေနဲ့ မြောက်ကိုးရီးယားနိုင်ငံနှင့် နိုင်ငံရေးသဘောအထားအရ တင်းမာမှုများ ဖြစ်လာပြီလို့ နိုင်ငံရေး သုံးသပ်သူများက မှတ်ချက်ပေးပါတယ်။

မြောက်ကိုးရီးယားဟာ လက်ရှိမှာ တရုတ်၊ ဂျပန်၊ တောင်ကိုးရီးယား၊ အမေရိကန် နဲ့ အခြားသော နိုင်ငံများအပါအဝင် အင်အားကြီးနိုင်ငံများနဲ့ နိုင်ငံရေးသဘောထားတင်းမာမှု မြင့်တက်လျက်ရှိပြီး မည်သူ့ကိုမှ ဂရုမစိုက်သော အနေအထားဖြင့် ခပ်တင်းတင်းသာ ဆက်ဆံနေတာကို တွေ့ရပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: