Home News IS အကြမ်းဖက်အဖွဲ့နှင့် ဆက်သွယ်သူ ၇ ဦး ဖမ်းဆီးရမိ

IS အကြမ်းဖက်အဖွဲ့နှင့် ဆက်သွယ်သူ ၇ ဦး ဖမ်းဆီးရမိ

0
IS အကြမ်းဖက်အဖွဲ့နှင့် ဆက်သွယ်သူ ၇ ဦး ဖမ်းဆီးရမိ

မလေးရှားနိုင်ငံမှာ IS အကြမ်းဖက်အဖွဲ့အစည်းနဲ့ ဆက်သွယ်ချိတ်ဆက်မှုရှိနေတဲ့ လူ ၇ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ မလေးရှားရဲတပ်ဖွဲ့က သတင်းထုတ်ပြန်လိုက်ပါတယ်။ ဖေဖော်ဝါရီလ အတွင်းမှာ ဖမ်းဆီးရမိခဲ့ပေမယ့် ယခုမှသာ အတိအကျ သတင်းထုတ်ပြန်ကြေငြာတာ ဖြစ်ပါတယ်။

အံ့သြစရာကောင်းတာက ကွာလာလမ်ပူမြို့ ကီပေါင်အရပ်မှာရှိတဲ့ စက်ရုံက ပညာရှင် ၂ ယောက် ဖြစ်တာပါ။ အသက် ၄၁ နှစ်နဲ့ အသက် ၂၈ နှစ်အရွယ် စက်ရုံက ကျွမ်းကျင်ပညာရှင် ၂ ဦးကို ညွှန်ကြားထိန်းချုပ်သူကတော့ မိုဟာမက် ဝမ်ဒီ ဖြစ်ပြီး ၂၀၁၆ ခုနှစ်က မိုဗီဒါ နိုက်ကလပ်ကို ကားဗုံးခွဲဖို့ ဆီးရီးယားမှာရှိတဲ့ IS အကြမ်းဖက်အဖွဲ့အစည်းတွေနဲ့ စီစဉ် ဆောင်ရွက်ခဲ့သူ ဖြစ်ပါတယ်။

အသက် ၃၇ နှစ်အရွယ်ကတော့ မလေးရှားနိုင်ငံကို ကျောင်းသားဗီဇာအတုနဲ့ နေထိုင်ပြီး အရှေ့အာရှမှာရှိတဲ့ အကြမ်းဖက် အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်နေသူ ဖြစ်ပါတယ်။ နောက်ထပ်တစ်ယောက်ကတော့ ယီမင်သူပုန်လို့ ယူဆရပြီး ယီမင်သူပုန်အဖွဲ့အစည်းအတွက် ဘဏ္ဍာငွေရှာဖွေရင်း ချိတ်ဆက်မိတာ လို့ သိရပါတယ်။

အဆိုပါ အကြမ်းဖက်အဖွဲ့အစည်းနဲ့ ချိတ်ဆက်သူ ၇ ဦးအား လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေ နှင့် အကြမ်းဖက် အဖွဲ့အစည်းအား ဆက်သွယ်မှု ဥပဒေတို့နဲ့ အရေးယူမယ်လို့ သိရပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: