
မြောက်ကိုးရီးယားရဲ့ ဒုံးပျံအသစ် ၄စင်း စမ်းသပ်ပစ်လွှတ်ရာ ဒုံးပျံ ၃စင်းမှာ ဂျပန်အထူးစီးပွားရေးဇုန် ရေပိုက်နက် အတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ ဒုံးပျံ ၄စင်းကို မြောက်ကိုးရီးယားနိုင်ငံရဲ့ အရှေ့ပိုင်း တရုတ်နယ်စပ်အနီးမှာ ရှိတဲ့ တုန်ချန်ရီ ဒေသကနေ စမ်းသပ်ပစ်လွှတ်လိုက်တာ ဖြစ်ပြီး ဒုံးပျံတွေဟာ မိုင်ပေါင်း ၆၂၁ မိုင် အကျော်ထိ ပစ်ခတ်နိုင်ပါတယ်။
မြောက်ကိုးရီးယားရဲ့ လုပ်ရပ်ကြောင့် ဂျပန်နိုင်ငံအနေနဲ့ ဒါဟာ ရန်စမှု ဖြစ်တယ်လို့ ယူဆပြီး ကုလသမ္မဂရဲ့ စီစဉ်မှုကိုလည်း ချိုးဖောက်ရာ ရောက်တယ်လို့ ဆိုပါတယ်။ မြောက်ကိုးရီးယားအနေနဲ့ ကင်ဂျုံနမ် လုပ်ကြံသတ်ဖြတ်ခံရမှု အပြီးမှာ မည်သူ့ကိုမှ ဂရုမစိုက်ဘဲ ဒုံးပျံပစ်လွှတ်ပြလိုက်ခြင်း ဖြစ်ပါတယ်။ တောင်ကိုးရီးယားနဲ့အမေရိကန်တို့ကတော့ မြောက်ကိုးရီးယားရဲ့ အခြေအနေကို အနီးကပ်စောင့်ကြည့်မှု ပြုလုပ်နေပြီး တောင်ကိုးရီးယားအနေနဲ့ ယခုချိန်မှာ အရေးပေါ် အစည်းအဝေးတစ်ခု ပြုလုပ်နေပါတယ်။
တရုတ်ကလည်း လက်ရှိမှာ မြောက်ကိုးရီးယားကို ကျောက်မီးသွေးတင်ပို့မှု ဖြတ်တောက်ရပ်ဆိုင်းထားပြီး မြောက်ကိုးရီးယားက တရုတ်ကို အမေရိကန်ရဲ့ ကြိုးဆွဲရာ ကတယ်လို့ တုံ့ပြန်ပြောဆိုလိုက်ပါတယ်။ လက်ရှိမှာ ဒုံးပျံ ၃စင်းဟာ ဂျပန်နိုင်ငံရဲ့ အထူးစီးပွားရေးဇုန် ရေပိုင်နက်ထဲ ကျရောက်တာ ဖြစ်တဲ့အတွက် ဘယ်လိုဖြေရှင်းမလဲဆိုတာကိုတော့ စောင့်ကြည့်ရအုံးမှာ ဖြစ်ပါတယ်။