Home Entertainment ၁၉ရာစု ကုန်းဘောင်မင်းတို့ရဲ့ သိက္ခာကို ကျဆင်းစေတဲ့ ထိုင်းဇာတ်လမ်းတွဲ မလွှင့်ဖို့ တောင်းဆို

၁၉ရာစု ကုန်းဘောင်မင်းတို့ရဲ့ သိက္ခာကို ကျဆင်းစေတဲ့ ထိုင်းဇာတ်လမ်းတွဲ မလွှင့်ဖို့ တောင်းဆို

0
၁၉ရာစု ကုန်းဘောင်မင်းတို့ရဲ့ သိက္ခာကို ကျဆင်းစေတဲ့ ထိုင်းဇာတ်လမ်းတွဲ မလွှင့်ဖို့ တောင်းဆို

ပီလရမ် ဖရာနမ် လို့ အမည်ရတဲ့ ထိုင်းဇာတ်လမ်းတွဲတစ်ခုဟာ ၁၉ရာစု ကုန်းဘောင်မင်းဆက်တို့ရဲ့ အကြောင်းကို အသားပေးရိုက်ကူးထားပြီး ဘုရင်မင်းမြတ်တို့ရဲ့ သိက္ခာကို ကျဆင်းစေတယ်လို့ ထိုင်းသမိုင်းပညာရှင်တွေက ဝေဖန်နေကြတဲ့ အပြင် အဆိုပါ ဇာတ်လမ်းကို မလွှင့်ဖို့ တောင်းဆိုလိုက်ပါတယ်။ ပီလရမ် ဖရာနမ် ဆိုတာ မီးတောက်မီးလျံနဲ့တူတဲ့ မိန်းမ လို့ အဓိပ္ပာယ်သက်ရောက်ပြီး ကုန်းဘောင်မင်းဆက်တို့ရဲ့ နန်းတွင်း အရေးတွေကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။

အဆိုပါ ဇာတ်လမ်းတွင် အာနန်သစ် အမည်ရှိ အမျိုးသမီး ဇာတ်ကောင်ဖြင့် ရိုက်ကူးထားသော်လည်း အဝတ်အစားနှင့် အဝတ်အစားများမှာ ကုန်းဘောင်ခေတ် နန်းတွင်းအဝတ်အစားများ ဖြစ်နေတာကြောင့် ကုန်းဘောင်မင်းတို့ရဲ့ နာမည်အတိအကျ မပါစေကာမူ အဖြစ်အပျက်များမှာ အားလုံးတူတူပင်ဖြစ်သည်။ နာမည်များသာ လွှဲ၍ အသုံးပြုထားသည်။

မြန်မာနိုင်ငံတော် ကျရှုံးရခြင်းနှင့် ပတ်သတ်သော ကုန်းဘောင်မင်းတို့ရဲ့ မိဖုရားများ၏ ကြိုးဆွဲမှု၊ နန်းတွင်းတွင် သြဇာအာဏာ သက်ရောက်မှု တို့ကို အသားပေးရိုက်ကူးထားတာ ဖြစ်ပါတယ်။ အာနန်သစ် အမည်ရှိ အမျိုးသမီးဇာတ်ကောင် ကို ကုန်းဘောင်ခေတ်အတွင်း နာမည်ကြီးခဲ့သော ဆင်ဖြူမရှင်၊ ပင်မနီ အမည်ရှိ အမျိုးသမီး ဇာတ်ကောင်က စုဖုရားလတ် အဖြစ် သရုပ်ဆောင်ခဲ့သည်။

ထိုင်းလူမျိုးတို့မှာ ၎င်းတို့၏ ဘုရင်အကြောင်းကို အလွဲသုံးစားလုပ်၍ ဇာတ်လမ်းများ ရိုက်ကူးခြင်းကို ထိပါးမခံသော်လည်း အခြား နိုင်ငံလူမျိုးတို့၏ သမိုင်းရာဇဝင်နှင့် ဂုဏ်သိက္ခာကို ထိပါးအောင် ဇာတ်လမ်းများ ရိုက်ကူးခြင်းကြောင့် ထိုင်းနိုင်ငံ အတွင်း ရှိ မြန်မာနိုင်ငံသားများအပါအဝင် အခြားသော နိုင်ငံသားများကပါ စိတ်မချမ်းသာ ဖြစ်ရသည်ဟု မှတ်ချက်ပေးခြင်း ခံနေရသည်။ ထို့အပြင် ထိုင်းနိုင်ငံ သမိုင်းပညာရှင်များကပါ အဆိုပါ ဇာတ်လမ်းအား ရှုံ့ချလျက်ရှိပြီး နိုင်ငံ ၂နိုင်ငံ၏ ချစ်ကြည်ရေးကို ထိခိုက်စေနိုင်ကြောင်း သုံးသပ်ကြသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: