Home News ကမ္ဘာ့ပထမဆုံး ၃၆၀ ဒီဂရီ ကင်မရာပါဝင်ပြီး စိန်စီထားတဲ့ စမတ်ဖုန်း

ကမ္ဘာ့ပထမဆုံး ၃၆၀ ဒီဂရီ ကင်မရာပါဝင်ပြီး စိန်စီထားတဲ့ စမတ်ဖုန်း

0
ကမ္ဘာ့ပထမဆုံး ၃၆၀ ဒီဂရီ ကင်မရာပါဝင်ပြီး စိန်စီထားတဲ့ စမတ်ဖုန်း

စိန်ရွှေရတနာတွေ ပါဝင်တဲ့ ဇိမ်ခံစမတ်ဖုန်းအမျိုးအစား အများကြီးရှိပေမယ့် ယခုဖော်ပြမယ့် ဖုန်းကတော့ တစ်ချိန်ထဲမှာ ၃၆၀ ဒီဂရီလှည့်ပတ်ပြီး ဗီဒီယိုကင်မရာရိုက်နိုင်တာကြောင့် ကမ္ဘာ့ပထမဆုံး စမတ်ဖုန်းလို့ ပြောရတာပါ။ Protruly Darling အမည်ရတဲ့ စမတ်ဖုန်းဟာ ကမ္ဘာ့ပထမဆုံး VR Camera ပါတဲ့ ဖုန်းအဖြစ် မှတ်တမ်းတင်ရမှာပါ။

ဖုန်းရဲ့ ဖွဲ့စည်းပုံက သာမန်ဖုန်းတွေထက် ရှည်လျားတာကို တွေ့ရပါတယ်။ 13 MP ရှိတဲ့ Fish Eye ကင်မရာ နှစ်လုံး ပါရှိပြီး ဘောင်တွေကိုတော့ ရွှေနဲ့ပြုလုပ်ထားပါတယ်။ ၃.၀၈ ဂရမ်ရှိတဲ့ အခေါက်ရွှေသားစစ်စစ်နဲ့ ပြုလုပ်ထားတာကြောင့် ဈေးကြီးမယ်ဆိုတာ ဗေဒင်မေးစရာမလိုပါဘူး။ ဒါ့အပြင် စိန်ပွင့် ၄ ပွင့်ထပ်မံ ထည့်သွင်းထားပါသေးတယ်။

မျက်နှာပြင်အနေနဲ့ ၅.၅ လက်မရှိပြီး Full HD Resolution (1920 x 1080) ဖြစ်ပါတယ်။ Selfie ကင်မရာကိုတော့ 8 MP ထည့်သွင်းပေးထားတာကြောင့် ကင်မရာလည်း မဆိုးဘူးလို့ ပြောရမှာပါ။ Processor အနေနဲ့ 2.5GHz deca-core Helio X20 MT6797 တပ်ဆင်ထားပြီး RAM 4GB , Storage 64 GB နဲ့ ဘတ်ထရီကို 3560 mAh တပ်ဆင်ထားပေးပါတယ်။ Android OS 6 ဖြစ်တဲ့ Marshmallow နဲ့ ထွက်ရှိမှာ ဖြစ်ပြီး အားသွင်းဖို့အတွက် USB Type-C ဖြစ်ကာ Finger Print Sensor ပါဝင်ပါတယ်။ လက်ဗွေစနစ်ကိုတော့ Home Button မှာ ထည့်သွင်းပေးထားမှာ ဖြစ်ပါတယ်။

ဖုန်းရဲ့ အထဲမှာပါတဲ့ Hardware တွေက အရမ်းကြီး စိတ်ဝင်စားဖို့မကောင်းပေမယ့် စိတ်ဝင်စားဖို့ကောင်းတာက VR Camera ဖြစ်ပါတယ်။ 360 ဒီဂရီရတဲ့အတွက် YouTube, Facebook နဲ့ အခြားသော 360 ဒီဂရီ ထောက်ပံ့တဲ့ Platform အမျိုးမျိုးမှာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဈေးနှုန်းကို အတိအကျမသိရပေမယ့် ဒေါ်လာ ၈၀၀ လောက်ခန့်မှန်းချေ ရှိမယ်လို့ သုံးသပ်ကြပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: