
ရန်ကုန်မြို့ အပြည်ပြည်ဆိုင်ရာ လေဆိပ်လုံခြုံရေးအတွက် တာဝန်ယူဆောင်ရွက်ရန် နိုင်ငံခြား ကုမ္ပဏီ ၃ခုမှ ကမ်းလှမ်းထား ကြောင်းသိရှိရသည်။ လက်ရှိတွင် အဆိုပြုလွှာတင်ခိုင်းထားပြီး လုံခြုံရေးကိစ္စအတွက် စီမံခန့်ခွဲမှုကို ကန်ထရိုက်ပေးထားတယ်လို့ သိရပါတယ်။ လေဆိပ်လုံခြုံရေးအတွက် အမေရိကန်၊ အစ္စရေးနှင့် အင်္ဂလန် နိုင်ငံမှ ကုမ္ပဏီကြီး ၃ခုမှ ကမ်းလှမ်းတာ ဖြစ်ပါတယ်။
ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် Terminal 1 တွင် ဇန်နဝါရီလ ၂၉ ရက်နေ့၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေ အကြံပေး တရားလွှတ်တော် ရှေ့နေဦးကိုနီ လုပ်ကြံခံလိုက်ရပြီးနောက် လုံခြုံရေးစနစ်ကို မြှင့်တင်မှုများ ပြုလုပ်ခဲ့သည်။ ပြင်ပ နိုင်ငံများနှင့် ယှဉ်ပါက ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သည် လုံခြုံရေးစနစ်အားနည်းကြောင်း ဝေဖန်မှုများကို ကြုံတွေ့ခဲ့ရသည်။
လက်ရှိတွင် နိုင်ငံခြား ကုမ္ပဏီ ၃ခုအား အဆိုပြုလျှောက်လွှာတင်ခိုင်းဆဲဖြစ်ပြီး ရွေးချယ်ပြီးပါက အဆိုပါ ကုမ္ပဏီက Terminal အတွင်းရှိ လုံခြုံရေးတာဝန်အရပ်ရပ်များကို တာဝန်ယူဆောင်ရွက်ရမည် ဖြစ်သည်။