Home News ဖိလစ်ပိုင်သမ္မတ ဒူတာတေး၏ အမိန့်ဖြင့် ထောင်သားအားလုံး ကိုယ်လုံးတီးဖြင့် နေရ

ဖိလစ်ပိုင်သမ္မတ ဒူတာတေး၏ အမိန့်ဖြင့် ထောင်သားအားလုံး ကိုယ်လုံးတီးဖြင့် နေရ

0
ဖိလစ်ပိုင်သမ္မတ ဒူတာတေး၏ အမိန့်ဖြင့် ထောင်သားအားလုံး ကိုယ်လုံးတီးဖြင့် နေရ

ဖိလစ်ပိုင်သမ္မတ ဒူတာတေး ဟာ အာရှမှာ တက်လာတဲ့ သမ္မတအသစ်တွေထဲမှာမှ လူသိပိုမိုများပြားလာပြီး သူ့ရဲ့ ပြောဆို ကြမ်းတမ်းမှု၊ အမှုကိစ္စများကို ကိုင်တွယ်ပုံကြမ်းတမ်းမှုတို့ကြောင့် လူသိများလာတာ ဖြစ်ပါတယ်။ မူးယစ်ဆေးဝါးပပျောက်ရေး အတွက် ပြင်းထန်စွာ လှုပ်ရှားလျက်ရှိပြီး ဖမ်းစီးရမိသူများကို ပြင်းထန်စွာ အပြစ်ပေးလေ့ရှိပါတယ်။ ယခုလဲ မူးယစ်ဆေးဝါးကိစ္စနဲ့ ဖမ်းဆီးသူများကို ထောင်ထဲမှာ ကိုယ်လုံးတီးဖြင့် အာရုံမတက်မှီအထိ နေထိုင်ခိုင်းထားပါတယ်။

ဒါဟာ သမ္မတအမိန့်ဖြစ်တာကြောင့် ဘယ်သူမှ လွန်ဆန်၍ မရပါဘူး။ ဒါ့အပြင် အဆိုပါ ထောင်သားတွေကို ဆေးစစ်မှုပြုလုပ်နေပြီး မည်သည့် မူးယစ်ဆေးဝါးအမျိုးအစားကို သုံးစွဲလဲဆိုတာကို Anti-Drug အဖွဲ့အစည်းတစ်ခု စစ်ဆေးလျက်ရှိပါတယ်။

လူ့အခွင့်အရေးလှုပ်ရှားသူများကတော့ ဒါဟာ လူသားဆန်မှုမရှိဘူးလို့ သုံးသပ်ဖော်ပြကြပေမယ့် ဖိလစ်ပိုင် သမ္မတ ဒူတာတေး ကတော့ လူအခွင့်အရေးသာ လိုက်ကြည့်ပေးနေမယ်ဆိုရင် ဖိလစ်ပိုင်နိုင်ငံတစ်ခုလုံး မူးယစ်ဆေးဝါးရဲ့ သားကောင် ဖြစ်နေပြီ လို့ ပြန်လည်ချေပ ပြောဆိုလိုက်ပါတယ်။

ဒါ့အပြင် မူးယစ်ဆေးဝါးသုံးစွဲသူနဲ့ ရောင်းဝယ်ဖောက်ကားသူ လူပေါင်း ၆သောင်းကျော်ခန့်ကိုလည်း ဖမ်းဆီးရမိခဲ့ပြီး ဖမ်းစီးစဉ် ပြန်လည်တုံ့ပြန်တိုက်ခိုက်ပါက သေနတ်ဖြင့် ပစ်သတ်ခွင့်ပါ သမ္မတအမိန့်နဲ့ ပေးထားပါတယ်။ အဆိုပါ လူဖမ်းပွဲကြီးမှာ လူပေါင်း ၅၀၀၀ ကျော်ကို အသေပစ်ခတ်၍ ဖမ်းဆီးခဲ့ရပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: