Home News ဘာပြစ်မှုမှ မရှိဘဲ ထောင်ထဲကို ဘဝအတွေ့အကြုံအနေနဲ့ ဝင်ချင်တဲ့ အသက် ၉၉နှစ်အရွယ် ဘွားဘွား

ဘာပြစ်မှုမှ မရှိဘဲ ထောင်ထဲကို ဘဝအတွေ့အကြုံအနေနဲ့ ဝင်ချင်တဲ့ အသက် ၉၉နှစ်အရွယ် ဘွားဘွား

0
ဘာပြစ်မှုမှ မရှိဘဲ ထောင်ထဲကို ဘဝအတွေ့အကြုံအနေနဲ့ ဝင်ချင်တဲ့ အသက် ၉၉နှစ်အရွယ် ဘွားဘွား

ဘဝမှာ တစ်ခါမှ မကြုံဖူးတဲ့ အတွေ့အကြုံရချင်လို့ ထောင်ထဲဝင်ဖို့ အကူအညီတောင်းတဲ့ဖြစ်ရပ်မျိုး နယ်သာလန် နိုင်ငံမှာ ဖြစ်ပွားခဲ့ပါတယ်။ အသက် ၉၉နှစ်အရွယ် ဘွားဘွား အန်နီ ကတော့ ဘဝမှာ ထောင်ထဲ တစ်ခါမှ မဝင်ဖူးတာ ကြောင့် ဘ၀ အတွေ့အကြုံအနေနဲ့ ထောင်ထဲဝင်ချင်လို့ ရဲတွေကို အကူအညီတောင်းလိုက်ပါတယ်။

ရာဇဝတ်ပြစ်မှု တစ်စုံတစ်ရာမှ မရှိတဲ့ ဘွားဘွား စိတ်ကျေနပ်အောင် ရဲတွေက ကူညီလိုက်ရပြီး ပိုမိုပီပြင်သွားအောင် လက်ထိပ်ပါ ခတ်ပြီး အချုပ်ခန်းမှာ ခေတ္တထားပေးလိုက်ရပါတယ်။ ရဲတပ်ဖွဲ့အနေနဲ့ အမှတ်တရနေ့ရက် အမည်နဲ့ Facebook ပေါ်သို့ တင်ပေးခဲ့ပါတယ်။ ဘွားဘွား အန်နီ အနေနဲ့လည်း သူ့ရဲ့ စိတ်ကူးအိပ်မက်တွေ အကောင်အထည် ပေါ်သွားတာကြောင့် စိတ်ကျေနပ်မှုရရှိသွားပါတယ်။ ဒေသခံပြည်သူတွေကတော့ အဘွားအိုရဲ့ဆန္ဒကို ပြည့်ဆည်းပေးခဲ့တဲ့ ရဲတပ်ဖွဲ့ကို ကျေးဇူးတင်ကြောင်း ပြောကြပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: