Home News ဦးကိုနီအား လုပ်ကြံသူ ကြည်လင်း အပါအဝင် ၄ ဦးအား တရားစွဲ

ဦးကိုနီအား လုပ်ကြံသူ ကြည်လင်း အပါအဝင် ၄ ဦးအား တရားစွဲ

0
ဦးကိုနီအား လုပ်ကြံသူ ကြည်လင်း အပါအဝင် ၄ ဦးအား တရားစွဲ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေအကြံပေး တရားလွှတ်တော် ရှေ့နေဦးကိုနီ နှင့် အငှားကားမောင်းသူ ဦးနေဝင်း အား ပစ်သတ်သူ သေနတ်သမားကြည်လင်း အပါအဝင်အမှုတွင် ဆက်စပ်ပူးပေါင်းပါဝင်သူ ၄ ဦးတို့အား မတ်လ ၃ ရက်နေ့တွင် မြောက်ပိုင်းခရိုင်တရားရုံးတွင် တရားစွဲဆိုခဲ့ကြောင်း သိရှိရသည်။

တရားစွဲဆိုခံရသူများမှာ သေနတ်သမား ကြည်လင်း(၅၄) နှစ်၊ အောင်ဝင်းဇော် ( ၄၆) နှစ်၊ ဇေယျာဖြိုး ( ၄၂) နှစ်၊ ထွက်ပြေးတိမ်းရှောင်နေဆဲ ဖြစ်သော အောင်ဝင်းခိုင်တို့အား မြောက်ပိုင်းခရိုင် တရားသူကြီး ဦးတင်ထွေးမှ စစ်ဆေးရန် လက်ခံဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။ ဦးကိုနီအား သေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်သူ ကြည်လင်းအား ဖမ်းမိရာမှ နောက်ကွယ်မှ စေခိုင်းသူ စစ်ထောက်လှမ်းရေးဟောင်း ဇေယျာဖြိုးနှင့် ပူးပေါင်းပါဝင်သူများဖြစ်သော ဗိုလ်ကြီးဟောင်း အောင်ဝင်းဇော်နှင့် အောင်ဝင်းခိုင်တို့အား ဖော်ထုတ်နိုင်ခဲ့ပြီး တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: