Home Knowledge Bitcoin ဆိုတာ ဘာလဲ ဘယ်လဲ

Bitcoin ဆိုတာ ဘာလဲ ဘယ်လဲ

0
Bitcoin ဆိုတာ ဘာလဲ ဘယ်လဲ

Bitcoin ဆိုတာ ကျနော်တို့ ပတ်ဝန်းကျင်မှာ ကြားဖူးနေကြပေမယ့် ဒါဟာ ဘာလဲဆိုတာ အတိအကျ မသိတဲ့သူတွေ အများကြီးပါဘဲ။ ဒါ့အပြင် Bitcoin ကို အရောင်းအဝယ်လုပ်နေကြတာကိုလည်း တွေ့ရမှာပါ။ ဒီတော့ Bitcoin ဆိုတာ ဘာလဲဆိုတာ အရင်ဆုံး ရှင်းပြပါမယ်။ ပြီးရင် ဘာတွေလုပ်လို့ရလဲ ၊ဘယ်လိုအကျိုးအမြတ်ရှိနိုင်လဲဆိုတာတွေကိုတော့ အခြေခံအားဖြင့် နားလည်သွားမှာပါ။ ကဲ စရအောင်…

Bitcoin ဆိုတာ ဒီဂျစ်တယ် ငွေကြေးစနစ်တစ်ခုဖြစ်ပါတယ်။ ကျနော်တို့ အပြင်မှာ သုံးနေတဲ့ ငွေစက္ကူတွေမှာ တန်ဖိုးရှိသလို Bitcoin မှာလည်း တန်ဖိုးတွေရှိနေပါတယ်။ Bitcoin ကို ၂၀၀၉ ခုနှစ်က Satoshi Nakamoto က တီထွင်ခဲ့ပြီး ဒီဂျစ်တယ် ငွေကြေး Protocol တစ်ခုသတ်မှတ်တီထွင်ခဲ့ပါတယ်။ Satoshi Nakamoto ဆိုတာ အမည်ရင်းမဟုတ်သလို ဂျပန်နာမည်တစ်ခုသာ ဖြစ်ပါတယ်။ ဒါပေမယ့် ယခုအချိန်ထိ Satoshi Nakamoto ဆိုတာ ဘယ်သူမှန်း အတိအကျ မသိသေးပါဘူး။ သိခဲ့ရင်လည်း သူ့ရဲ့ ဘဝတစ်လျှောက်လုံးဟာ အန္တရာယ်တွေနဲ့ ပြည့်နှက်နေမှာပါ။

Bitcoin ကို ဂဏန်း ၆၄လုံးပါတဲ့ သချၤာဖော်မြူလာ တစ်ခုနဲ့တီထွင်ဖန်တီးထားတာ ဖြစ်ပြီး အဆိုပါ သချၤာညီမျှခြင်းကို ဖြေရှင်းတွက်ထုတ်ရမှာ ဖြစ်ပါတယ်။ ဖြေရှင်းနိုင်တဲ့အခါတိုင်းမှာ 1 Bitcoin ရရှိမှာ ဖြစ်ပါတယ်။ အရမ်းခက်ခဲနက်နဲတဲ့အတွက် သာမန်ကွန်ပြူတာနဲ့ တွက်လို့ရမှာမဟုတ်ဘဲ စူပါကွန်ပြူတာတွေနဲ့သာ တွက်လို့ရမှာ ဖြစ်ပါတယ်။ ဒါကြောင့်လဲ Bitcoin တွေ တွက်ထုတ်ဖို့အတွက် (Mining) ဝန်ဆောင်မှုပေးတဲ့ ကုမ္ပဏီတွေ ပေါ်ပေါက်လာပါတယ်။ သချၤာဖော်မြူလာ ဖြစ်တဲ့အတွက် အကန့်အသတ်ရှိပါတယ်။ တစ်ကမ္ဘာလုံးမှာ Bitcoin အရေအတွက် ၂၁ မီလီယံ သာ ရှိပါတယ်။

Bitcoin အရေအတွက် ၂၁ သန်းသာရှိတော့ ဘယ်လိုခွဲဝေသုံးမှာလဲဆိုတာ စဉ်းစားစရာဖြစ်လာပါတယ်။ စိတ်မပူပါနဲ့။ Bitcoin တစ်ခုခြင်းဆီကို အစိတ်အပိုင်းလေးတွေနဲ့ ပြန်ခွဲလိုက်ပါတယ်။ ဘယ်လောက်အထိ ခွဲလို့ရလဲဆိုတော့ Bitcoin တစ်ခုရဲ့ သန်းတစ်ရာ ရဲ့ တစ်ပုံအထိ အသေးဆုံးအထိ ခွဲနိုင်ပါတယ်။ ဒီတော့ 1 Bitcoin မှာ သန်းတစ်ရာပြန်ခွဲလို့ရတဲ့ သဘောရှိပါတယ်။ Bitcoin ၂၁ သန်းဆို တစ်ကမ္ဘာလုံးမှာ Bitcoin အစိတ်အပိုင်းများစွာ ဘယ်လောက်ရှိလဲဆိုတာ ကိုယ်တိုင်သာ မြှောက်ကြည့်ပါတော့။

Bitcoin ဟာ စစထွက်ခြင်း ၂၀၀၉ ခုနှစ်လောက်မှာ လူတိုင်းစိတ်မဝင်စားသလို အစိုးရကလည်း တရားမဝင်ငွေကြေး အဖြစ် သတ်မှတ်ပါတယ်။ ဒါပေမယ့် လက်ရှိမှာတော့ တစ်ကမ္ဘာလုံးမှာ ပြန့်နှံ့လို့နေပါပြီ။ လူတွေ ပြောနေကျတဲ့ ရွှေတူးတယ်ဆိုတာ Bitcoin Mining လုပ်တာကို ပြောတာ ဖြစ်ပါတယ်။ အပေါ်မှာ ရှင်းပြခဲ့တဲ့အတိုင်း စူပါကွန်ပြူတာတွေက သချၤာညီမျှခြင်းကို ဖြေရှင်းတာကို Mining လုပ်တယ်လို့ ခေါ်ပါတယ်။ Bitcoin ဆိုတာ ကန့်သတ် သယံဇာတ ဖြစ်တဲ့အတွက် ရွှေဈေး ငွေဈေးလိုဘဲ ဈေးအတက်အကျရှိပါတယ်။ အရင်ကတော့ ဈေးပေါပေမယ့် အခုကတော့ ရွှေဈေးထက် စံချိန်တင် ဈေးတက်နေပါပြီ။

လက်ရှိမှာတော့ Bitcoin ကို အွန်လိုင်းငွေချေစနစ်တွေနဲ့ အသုံးပြုနေပြီ ဖြစ်သလို နိုင်ငံခြားက စားသောက်ဆိုင် အချို့မှာလည်း Bitcoin နဲ့ ငွေပေးချေနိုင်ပြီ ဖြစ်ပါတယ်။ လက်ရှိမှာတော့ Bitcoin ရဲ့ အနာဂတ်ဟာ ဦးမော့နေသလို နောင်တစ်ချိန်မှာ Bitcoin ပုံစံတူ ဒီဂျစ်တယ်ငွေကြေးစနစ်တွေ ထပ်မံပေါ်ပေါက်လာဖို့ ရှိပါတယ်။ ဒါပေမယ့် အခုချိန်မှာတော့ Bitcoin ပုံစံတူ ဒီဂျစ်တယ်ငွေကြေးတွေကတော့ အာမခံချက်မရှိသေးသလို အဆိုပါ coin ထုတ်လုပ်တဲ့ ကုမ္ပဏီက နောက်ကွယ်ကနေ ဈေး ၂ ဆလောက်ပြန်ပေးပြီး ငွေကြေးကစားနေတာကို တွေ့ရပါတယ်။ Bitcoin ကိုတော့ ဘယ်သူမှ မထိန်းချုပ်ထားပါဘူး။

မြန်မာပြည်မှာဆိုရင်လည်း Bitcoin အရောင်းအဝယ်လုပ်သူတွေ များပြားလာတာကိုလည်း တွေ့ရပါတယ်။ ငွေဈေး ရွှေဈေး ကစားသလို Bitcoin ကစားတဲ့သူတွေလည်း တစ်ဖြည်းဖြည်းနဲ့ များပြားလာတာကို တွေ့ရပါတယ်။ ဒါပေမယ့် Bitcoin မဟုတ်သော အခြား Coin ကုမ္ပဏီတွေလည်း ပေါ်ပေါက်နေသလို အာမခံချက်မရှိဘူးဆိုတာ သတိပေးလိုပါတယ်။ ဒါဆိုရင်တော့ Bitcoin ဆိုတာ ဘာလဲဆိုတာ သဘောပေါက်လောက်ပြီ ထင်ပါတယ်။

Zawgyi Font : Bitcoin ဆုိတာ ဘာလဲဘယ္လဲ

Bitcoin ဆိုတာ က်ေနာ္တို႔ ပတ္ဝန္းက်င္မွာ ၾကားဖူးေနၾကေပမယ့္ ဒါဟာ ဘာလဲဆိုတာ အတိအက် မသိတဲ့သူေတြ အမ်ားႀကီးပါဘဲ။ ဒါ့အျပင္ Bitcoin ကို အေရာင္းအဝယ္လုပ္ေနၾကတာကိုလည္း ေတြ႕ရမွာပါ။ ဒီေတာ့ Bitcoin ဆိုတာ ဘာလဲဆိုတာ အရင္ဆုံး ရွင္းျပပါမယ္။ ၿပီးရင္ ဘာေတြလုပ္လို႔ရလဲ ၊ဘယ္လိုအက်ိဳးအျမတ္ရွိႏိုင္လဲဆိုတာေတြကိုေတာ့ အေျခခံအားျဖင့္ နားလည္သြားမွာပါ။ ကဲ စရေအာင္…

Bitcoin ဆိုတာ ဒီဂ်စ္တယ္ ေငြေၾကးစနစ္တစ္ခုျဖစ္ပါတယ္။ က်ေနာ္တို႔ အျပင္မွာ သုံးေနတဲ့ ေငြစကၠဴေတြမွာ တန္ဖိုးရွိသလို Bitcoin မွာလည္း တန္ဖိုးေတြရွိေနပါတယ္။ Bitcoin ကို ၂၀၀၉ ခုႏွစ္က Satoshi Nakamoto က တီထြင္ခဲ့ၿပီး ဒီဂ်စ္တယ္ ေငြေၾကး Protocol တစ္ခုသတ္မွတ္တီထြင္ခဲ့ပါတယ္။ Satoshi Nakamoto ဆိုတာ အမည္ရင္းမဟုတ္သလို ဂ်ပန္နာမည္တစ္ခုသာ ျဖစ္ပါတယ္။ ဒါေပမယ့္ ယခုအခ်ိန္ထိ Satoshi Nakamoto ဆိုတာ ဘယ္သူမွန္း အတိအက် မသိေသးပါဘူး။ သိခဲ့ရင္လည္း သူ႔ရဲ႕ ဘဝတစ္ေလွ်ာက္လုံးဟာ အႏၲရာယ္ေတြနဲ႔ ျပည့္ႏွက္ေနမွာပါ။

Bitcoin ကို ဂဏန္း ၆၄လုံးပါတဲ့ သခ်ၤာေဖာ္ျမဴလာ တစ္ခုနဲ႔တီထြင္ဖန္တီးထားတာ ျဖစ္ၿပီး အဆိုပါ သခ်ၤာညီမွ်ျခင္းကို ေျဖရွင္းတြက္ထုတ္ရမွာ ျဖစ္ပါတယ္။ ေျဖရွင္းႏိုင္တဲ့အခါတိုင္းမွာ 1 Bitcoin ရရွိမွာ ျဖစ္ပါတယ္။ အရမ္းခက္ခဲနက္နဲတဲ့အတြက္ သာမန္ကြန္ျပဴတာနဲ႔ တြက္လို႔ရမွာမဟုတ္ဘဲ စူပါကြန္ျပဴတာေတြနဲ႔သာ တြက္လို႔ရမွာ ျဖစ္ပါတယ္။ ဒါေၾကာင့္လဲ Bitcoin ေတြ တြက္ထုတ္ဖို႔အတြက္ (Mining) ဝန္ေဆာင္မႈေပးတဲ့ ကုမၸဏီေတြ ေပၚေပါက္လာပါတယ္။ သခ်ၤာေဖာ္ျမဴလာ ျဖစ္တဲ့အတြက္ အကန႔္အသတ္ရွိပါတယ္။ တစ္ကမာၻလုံးမွာ Bitcoin အေရအတြက္ ၂၁ မီလီယံ သာ ရွိပါတယ္။

Bitcoin အေရအတြက္ ၂၁ သန္းသာရွိေတာ့ ဘယ္လိုခြဲေဝသုံးမွာလဲဆိုတာ စဥ္းစားစရာျဖစ္လာပါတယ္။ စိတ္မပူပါနဲ႔။ Bitcoin တစ္ခုျခင္းဆီကို အစိတ္အပိုင္းေလးေတြနဲ႔ ျပန္ခြဲလိုက္ပါတယ္။ ဘယ္ေလာက္အထိ ခြဲလို႔ရလဲဆိုေတာ့ Bitcoin တစ္ခုရဲ႕ သန္းတစ္ရာ ရဲ႕ တစ္ပုံအထိ အေသးဆုံးအထိ ခြဲႏိုင္ပါတယ္။ ဒီေတာ့ 1 Bitcoin မွာ သန္းတစ္ရာျပန္ခြဲလို႔ရတဲ့ သေဘာရွိပါတယ္။ Bitcoin ၂၁ သန္းဆို တစ္ကမာၻလုံးမွာ Bitcoin အစိတ္အပိုင္းမ်ားစြာ ဘယ္ေလာက္ရွိလဲဆိုတာ ကိုယ္တိုင္သာ ေျမႇာက္ၾကည့္ပါေတာ့။

Bitcoin ဟာ စစထြက္ျခင္း ၂၀၀၉ ခုႏွစ္ေလာက္မွာ လူတိုင္းစိတ္မဝင္စားသလို အစိုးရကလည္း တရားမဝင္ေငြေၾကး အျဖစ္ သတ္မွတ္ပါတယ္။ ဒါေပမယ့္ လက္ရွိမွာေတာ့ တစ္ကမာၻလုံးမွာ ျပန႔္ႏွံ႔လို႔ေနပါၿပီ။ လူေတြ ေျပာေနက်တဲ့ ေ႐ႊတူးတယ္ဆိုတာ Bitcoin Mining လုပ္တာကို ေျပာတာ ျဖစ္ပါတယ္။ အေပၚမွာ ရွင္းျပခဲ့တဲ့အတိုင္း စူပါကြန္ျပဴတာေတြက သခ်ၤာညီမွ်ျခင္းကို ေျဖရွင္းတာကို Mining လုပ္တယ္လို႔ ေခၚပါတယ္။ Bitcoin ဆိုတာ ကန႔္သတ္ သယံဇာတ ျဖစ္တဲ့အတြက္ ေ႐ႊေဈး ေငြေဈးလိုဘဲ ေဈးအတက္အက်ရွိပါတယ္။ အရင္ကေတာ့ ေဈးေပါေပမယ့္ အခုကေတာ့ ေ႐ႊေဈးထက္ စံခ်ိန္တင္ ေဈးတက္ေနပါၿပီ။
လက္ရွိမွာေတာ့ Bitcoin ကို အြန္လိုင္းေငြေခ်စနစ္ေတြနဲ႔ အသုံးျပဳေနၿပီ ျဖစ္သလို ႏိုင္ငံျခားက စားေသာက္ဆိုင္ အခ်ိဳ႕မွာလည္း Bitcoin နဲ႔ ေငြေပးေခ်ႏိုင္ၿပီ ျဖစ္ပါတယ္။ လက္ရွိမွာေတာ့ Bitcoin ရဲ႕ အနာဂတ္ဟာ ဦးေမာ့ေနသလို ေနာင္တစ္ခ်ိန္မွာ Bitcoin ပုံစံတူ ဒီဂ်စ္တယ္ေငြေၾကးစနစ္ေတြ ထပ္မံေပၚေပါက္လာဖို႔ ရွိပါတယ္။ ဒါေပမယ့္ အခုခ်ိန္မွာေတာ့ Bitcoin ပုံစံတူ ဒီဂ်စ္တယ္ေငြေၾကးေတြကေတာ့ အာမခံခ်က္မရွိေသးသလို အဆိုပါ coin ထုတ္လုပ္တဲ့ ကုမၸဏီက ေနာက္ကြယ္ကေန ေဈး ၂ ဆေလာက္ျပန္ေပးၿပီး ေငြေၾကးကစားေနတာကို ေတြ႕ရပါတယ္။ Bitcoin ကိုေတာ့ ဘယ္သူမွ မထိန္းခ်ဳပ္ထားပါဘူး။

ျမန္မာျပည္မွာဆိုရင္လည္း Bitcoin အေရာင္းအဝယ္လုပ္သူေတြ မ်ားျပားလာတာကိုလည္း ေတြ႕ရပါတယ္။ ေငြေဈး ေ႐ႊေဈး ကစားသလို Bitcoin ကစားတဲ့သူေတြလည္း တစ္ျဖည္းျဖည္းနဲ႔ မ်ားျပားလာတာကို ေတြ႕ရပါတယ္။ ဒါေပမယ့္ Bitcoin မဟုတ္ေသာ အျခား Coin ကုမၸဏီေတြလည္း ေပၚေပါက္ေနသလို အာမခံခ်က္မရွိဘူးဆိုတာ သတိေပးလိုပါတယ္။ ဒါဆိုရင္ေတာ့ Bitcoin ဆိုတာ ဘာလဲဆိုတာ သေဘာေပါက္ေလာက္ၿပီ ထင္ပါတယ္။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: