Home News မွန်ပြည်နယ် စည်ပင်နှင့် ဆောက်လုပ်ရေးဝန်ကြီးဌာန ဖျက်သိမ်းရန်အဆို ပြည်နယ်လွှတ်တော်တွင် ကန့်ကွက်ခံရ

မွန်ပြည်နယ် စည်ပင်နှင့် ဆောက်လုပ်ရေးဝန်ကြီးဌာန ဖျက်သိမ်းရန်အဆို ပြည်နယ်လွှတ်တော်တွင် ကန့်ကွက်ခံရ

0
မွန်ပြည်နယ် စည်ပင်နှင့် ဆောက်လုပ်ရေးဝန်ကြီးဌာန ဖျက်သိမ်းရန်အဆို ပြည်နယ်လွှတ်တော်တွင် ကန့်ကွက်ခံရ

မွန်ပြည်နယ်တွင် လစ်လပ်နေသော ဝန်ကြီးဌာန ၂ ခုဖြစ်သည့် စည်ပင် နှင့် ဆောက်လုပ်ရေးဝန်ကြီးဌာန အား ဖျက်သိမ်းရန် အဆိုကို ပြည်နယ်အစိုးရအဖွဲ့မှ တင်သွင်းခဲ့ခြင်း ဖြစ်ပြီး ယင်းအဆိုမှာ ပြည်နယ်လွှတ်တော်တွင် ကန့်ကွက်ခံခဲ့ရသည်။

စည်ပင်သာ ယာရေးနှင့် ဆောက်လုပ်ရေးဝန် ကြီးဌာနကို ဖျက်သိမ်းပြီး စည်ပင် သာယာရေးကို လျှပ်စစ်၊ စွမ်း အင်၊ စက်မှုဝန်ကြီးဌာနနှင့် ဆောက်လုပ်ရေးကို စီမံကိန်း၊ ဘဏ္ဍာရေးဝန်ကြီးဌာနတွင် ပူးတွဲ ထားရှိရန် ပြင်ဆင်ဖွဲ့စည်းမည်ဖြစ် ပြီး လွှတ်တော်က အတည်ပြုပေး နိုင်ရန် ပြည်နယ်အစိုးရအဖွဲ့က တင်သွင်းခဲ့ခြင်းဖြစ်သည်။ ပေါင်မြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးထွန်း မင်းအောင်က အဆိုကို ကန့်ကွက် ပြီး လွှတ်တော်ဒုဥက္ကဋ္ဌ ဒေါက်တာ အောင်နိုင်ဦးက ဖွဲ့စည်းပုံအခြေခံ ဥပဒေအတိုင်း နိုင်ငံတော် သမ္မတ ထံ အကြံပြုချက်တောင်းခံပြီးမှ သာ ဖွဲ့စည်းသင့်ကြောင်း ပြောခဲ့သည်။

‘‘လစ်လပ်နေတဲ့ ဝန်ကြီး ဌာန တစ်ခုကိုအသစ်တစ်ယောက် ခန့်အပ်မယ်၊ ဒါမှမဟုတ် ယာယီ တခြားဝန်ကြီးတွေက ပူးတွဲထား မယ်ထင်နေတာ။ ဒီလိုမဟုတ်ဘဲ ဒီဝန်ကြီးဌာနနာမည်ကို ဖျက်သိမ်း ပြီး တခြားဝန်ကြီးဌာနနဲ့ ပူးတွဲ ထားလိုက်ဖို့ ပြည်နယ်အစိုးရအဖွဲ့ က အဆိုတင်သွင်းတယ်။ ဒီအဆို က ပြည်နယ်အစိုးရရဲ့ လုပ်ပိုင်ခွင့် မဟုတ်တော့ ကျွန်တော် လက်မခံ နိုင်ဘူး။ ဒီအဆိုကို ပြည်နယ်ဝန် ကြီးချုပ်တင်သွင်းတာမဟုတ် တော့ ဝန်ကြီးချုပ်လုပ်တယ်လိ့ု တော့ မပြောချင်ဘူး။ အစိုးရအဖွဲ့ က တင်သွင်းတယ်ဆိုတော့ အား လုံးပါတယ်လို့ ပြောနိုင်တယ်’’ဟု ဒေါက်တာအောင်နိုင်ဦးက ပြောခဲ့သည်။

အဆိုပါ ကန့်ကွက်မှုကို မှတ်တမ်းတင်ခဲ့ပြီး သမ္မတညွှန်ကြားချက်ရမှသာ ဆက်လက်ဆောင်ရွက်ဆွေးနွေးသွားမည် ဟု သိရှိရသည်။ ယခင် ဝန်ကြီးချုပ်ဟောင်း ဦးမင်းမင်းဦး သည် ဝန်ကြီးချုပ်ရာထူးအပြင် စည်ပင်နှင့် ဆောက်လုပ်ရေးဝန်ကြီး ဌာန ၂ခုကိုပါ ပူးတွဲတာဝန်ယူ ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ ဦးမင်းမင်းဦး ရာထူးမှ နှုတ်ထွက်သွားသောကြောင့် အဆိုပါ ဌာန ၂ခုမှ ဝန်ကြီးရာထူး လစ်လပ်နေခြင်း ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: