Home News ဆောက်လုပ်ရေးစီမံကိန်းကြောင့် နစ်နာကြေး ၂ဆ ရရှိရန် လင်မယားကွာရှင်းမှု ၁၆၀ ကျော် တစ်ပြိုင်နက်ထဲ ပြုလုပ်

ဆောက်လုပ်ရေးစီမံကိန်းကြောင့် နစ်နာကြေး ၂ဆ ရရှိရန် လင်မယားကွာရှင်းမှု ၁၆၀ ကျော် တစ်ပြိုင်နက်ထဲ ပြုလုပ်

0
ဆောက်လုပ်ရေးစီမံကိန်းကြောင့် နစ်နာကြေး ၂ဆ ရရှိရန် လင်မယားကွာရှင်းမှု ၁၆၀ ကျော် တစ်ပြိုင်နက်ထဲ ပြုလုပ်

တရုတ်နိုင်ငံ ကျေးရွာတစ်ခုတွင် နည်းပညာမြင့် ဆောက်လုပ်ရေးစီမံကိန်းတစ်ခုကြောင့် ကျေးရွာရှိ အိမ်ခြံမြေများအား ရှင်းလင်း ဖယ်ထုတ်ရမည့် အခြေအနေ ကြုံနေရပြီး အိမ်မြေပိုင်ရှင်များမှာ အဆိုပါ ပရောဂျက်အတွက် လျော်ကြေးငွေ ရရှိမည် ဟု သိရှိရသည်။ အဆိုပါ ကုမ္ပဏီမှ ဒေသခံများအား မိသားစုအလိုက် လျော်ကြေးအနေဖြင့် စတုရန်းမီတာ ၂၂၀ ကျယ်ဝန်းသော အိမ်ခြံမြေ ပြန်လည် ရရှိမည် ဖြစ်သည်။

ထိုကဲ့သို့သော မိသားစုအလိုက် လျော်ကြေးများ ပေးအပ်မှုကြောင့် လင်မယားကွာရှင်းမှုများ ဖြစ်ပေါ်ပြီး မိသားစု ၂ခြမ်းကွဲကာ လျော်ကြေးအဖြစ် အိမ်နှစ်လုံးရရှိရန် တွက်ဆထားကြသည်။ တရားဝင် ကွာရှင်းကြောင်း အကျုံးဝ်စေရန် ဥပဒေအကြံပေး အကျိုးဆောင် ကုမ္ပဏီတစ်ခုမှ လင်မယားကွဲရှင်းရန် ဒေါ်လာ ၂၀၀၀ ဖြင့် အကျိုးဆောင်ပေးလျက်ရှိသည်။ ထို့ကြောင့် တစ်ပြိုင်နက်ထဲ လင်မယား ၁၆၀ ကျော်ခန့် ကွာရှင်းမှုများ ပြုလုပ်ခဲ့ပြီး လျော်ကြေးများ ပြန်လည် ရရှိသည့်အချိန်တွင် လင်မယားချင်း ပြန်လည် ပေါင်းစည်းမည်ဟု သိရှိရသည်။ အဆိုပါ ရွာသားတစ်ဦးက ” တစ်ရွာလုံးမှာ ရှိတဲ့ လူတိုင်းနီးပါးလုပ်ကြတာဘဲ ၊ နောင်ကိစ္စ နောင်မှ ပြန်ရှင်းမယ်၊ အခုတော့ ဒီလိုဘဲ လုပ်လိုက်တယ် ” ဟု ပြောသည်။

နစ်နာကြေး ၂ ဆအနေဖြင့် အိမ်နှစ်လုံး ရအောင် ဤကဲ့သို့ လုပ်ဆောင်သော်လည်း အမှန်တစ်ကယ်တွင် ရမရ ဆိုသည်မှာ စောင့်ကြည့်ရမည့် အခြေအနေသာ ရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: