
လိပ်ကျွန်းအမှုဖြင့် သေဒဏ်ပေးခံရသော မြန်မာနိုင်ငံသား နှစ်ဦးရဲ့ အရေးကိစ္စအား ထိုင်းနိုင်ငံရှေ့နေများ ကောင်စီက မတ်လ ၈ ရက်နေ့တွင် ဆွေးနွေးမည်ဟု သိရှိရသည်။ မတ်လ ၈ ရက်နေ့တွင် အယူခံထုချေလွှာအပေါ် ဆွေးနွေးတိုင်ပင် မည် ဖြစ်ကာ မြန်မာသံရုံးကိုယ်စားလှယ်များနှင့် တွေ့မည်ဟု သိရှိရသည်။
ထိုင်းနိုင်ငံရှေ့နေများကောင်စီ အဖွဲ့သည် မြန်မာနိုင်ငံသား နှစ်ဦး၏ အရေးကိစ္စအား အမှုဖြစ်စဉ်ကတည်းက အခမဲ့ အကျိုးဆောင်ရွက်ပေးနေသော အဖွဲ့ဖြစ်သည်။ မတ်လ ၁ရက်နေ့၌ ထိုင်းနိုင်ငံအောက်တရားလွှတ်တော်မှ သေဒဏ်ပေးခဲ့ ပြီး လက်ရှိတွင် အထက်တရားရုံးသို့ ထပ်မံအယူခံ တင်ပြမည် ဖြစ်ကြောင်း သိရှိရသည်။ အကယ်၍ အထက်တရားရုံး၌ တူညီသော ရလဒ်သာ ထွက်မည်ဆိုပါက ထိုင်းနိုင်ငံ ဘုရင်မင်းမြတ်ထံသို့ အသနားခံစာတင်မည့် နည်းလမ်းသာ ရှိတောသည် ဟု သိရှိရသည်။