
3D Print နည်းပညာတွေက ၂၀၁၆ခုနှစ်အလယ်ပိုင်းကစလို့ တိုးတက်မြင့်မားလာပြီး အကျီတွေ၊ ဖိနပ်တွေ၊ အသုံးအဆောင် ပစ္စည်းတွေကအစ 3D Printer များနဲ့ စမ်းသပ်ထုတ်လုပ် အောင်မြင်လာပြီး ယခုဆိုရင် ဆောက်လုပ်ရေး လုပ်ငန်းလိုမျိုးတောင် တစ်ဖြည်းဖြည်းနဲ့ နေရာယူလာပါပြီ။ ကုမ္ပဏီတစ်ခုက 3D Print နည်းပညာအသုံးပြုပြီး ကွန်ကရစ် အိမ်တစ်လုံးကို ၂၄ နာရီအတွင်း တည်ဆောက်ပြသွားခဲ့ပါတယ်။
အကျယ်အဝန်း ၄၀၀ စတုရန်းပေရှိပြီး လုံးဝန်းတဲ့ ဒီဇိုင်းရှိတဲ့ အိမ်ငယ်ကို Mobile Printer အသုံးပြုပြီး တည်ဆောက်တာ ဖြစ်ပါတယ်။ အိမ်နံရံ အစိတ်အပိုင်းတွေတပ်ဆင်တာအစ လုပ်ဆေင်ချက် အားလုံးနီးပါးကို 3D Print နည်းပညာနဲ့ သာ တည်ဆောက်တဲ့အတွက် လူသားအင်အား သုံးစရာမလိုပါဘူး။ အင်ဂျင်နီယာက ဘေးကနေ စောင့်ကြည့်ပေးဖို့ဘဲ လိုပါတယ်။ အလှဆင်မှုကိုဘဲ လူအင်အားသုံးပြီး ဆင်တာဖြစ်ပါတယ်။ တည်ဆောက်ခြင်းကိုတော့ 3D Mobile Print နည်းပညာသုံးသွားခဲ့ပါတယ်။
အဆိုပါ အိမ်ဟာ ၁၇၅ နှစ်ထိ ခိုင်ခံ့မှု တည်ရှိမှာ ဖြစ်ပြီး ရေချိုးခန်း၊ အိမ်သာ က အစ ပြည့်စုံစွာ ပါဝင်ပါတယ်။ အဆိုပါ အိမ်ကို တည်ဆောက်ခဲ့တဲ့ Apis Cor ကုမ္ပဏီဟာလည်း ကမ္ဘာ့ပထမဆုံး 3D Print နည်းပညာနဲ့ တည်ဆောက်တဲ့ ကုမ္ပဏီအဖြစ် မှတ်တမ်းတင်ထားခံရမှာ ဖြစ်ပါတယ်။ ရုရှားနိုင်ငံမှာ စတင် တည်ဆောက်တာ ဖြစ်ပြီး ကုန်ကျစရိတ်ကတော့ အမေရိကန်ဒေါ်လာ ၁၀၁၃၄ သာ ကုန်ကျတာ ဖြစ်တာကြောင့် မြန်မာငွေနဲ့ ပြန်တွက်ကြည့်ရင် သိန်း ၁၅၀ နီးပါးသာ ရှိပါတယ်။ အောက်ပါ Video မှတ်တမ်းကို ကြည့်ရှုနိုင်ပါတယ်။