Home News အမျိုးသားတွေအတွက် ကမ္ဘာ့ပထမဆုံး စမတ် ကွန်ဒုံး

အမျိုးသားတွေအတွက် ကမ္ဘာ့ပထမဆုံး စမတ် ကွန်ဒုံး

0
အမျိုးသားတွေအတွက် ကမ္ဘာ့ပထမဆုံး စမတ် ကွန်ဒုံး

နည်းပညာမြင့်မားလာမှုကြောင့် နေ့စဉ် လူသုံးကုန်ပစ္စည်းတွေတောင် စမတ်နည်းပညာတွေ ပါဝင်လာပါပြီ။ ကွန်ဒုံးကို သာမန် ဆေးဆိုင်တွေနဲ့နီးစပ်ရာ ဆိုင်တွေမှာ အလွယ်တစ်ကူ ဝယ်ယူလို့ရပေမယ့် ယခုဖော်ပြမယ့် စမတ်ကွန်ဒုံးကတော့ ဝယ်ချင်တိုင်း ဝယ်လို့မရသေးပါဘူး။ ကမ္ဘာ့ပထမဆုံး စမတ်ကွန်ဒုံး ဖြစ်တာကြောင့် ထူးခြားတဲ့လုပ်ဆောင်ချက်တွေ ပါ ပါတယ်။ ဒါ့အပြင် ကြိုတင်အမှာစာနဲ့ ဝယ်ယူရမှာ ဖြစ်ပါတယ်။ ကဲ… ဒီ စမတ်ကွန်ဒုံးမှာ ဘာတွေပါလဲဆိုတာ ကြည့်ရအောင် ။

စမတ်ကွန်ဒုံးကို နာနိုနည်းပညာနဲ့ ပြုလုပ်တီထွင်ထားပြီး Bluetooth နဲ့ ချိတ်ဆက်ရမှာ ဖြစ်ပါတယ်။ ဖုန်းကနေ ထိန်းချုပ်နိုင်မှာ ဖြစ်ပြီး သင့်ရဲ့ လိင်ဆက်ဆံနေစဉ် အတွင်း ကယ်လိုရီ လောင်ကျွမ်းမှု၊ လှုပ်ရှားတဲ့ အကြိမ်အရေအတွက်၊ အရှိန်နဲ့ တွန်းအား၊ လိင်အင်္ဂါရဲ့ တောင့်တင်းကြံ့ခိုင်မှု၊ လိင်တံရဲ့ အပူချိန် နဲ့ ပြီးဆုံးတဲ့ အကြိမ်အရေအတွက် တို့ကို မှတ်တမ်းတင်ထားပေးမှာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ အင်္ဂလန်နိုင်ငံမှာသာ ဝယ်ယူရရှိနိုင်မှာ ဖြစ်ပြီး ကြိုတင်အမှာစာတင် ပြီး ဝယ်ရမှာ ဖြစ်ပါတယ်။ စမတ်ကွန်ဒုံး တစ်ခုကို ၅၉.၉၉ ယူရိုငွေ နဲ့ ရောင်းချမှာ ဖြစ်ပါတယ်။ ထူးခြားချက်ကတော့ စမတ်ကွန်ဒုံးကို အကြိမ်ကြိမ် အခါခါ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ကွန်ဒုံးရဲ့ အရင်းမှာ လက်စွပ်ပုံစံ ကွင်းအဝိုင်းလေးနဲ့ ထိန်းချုပ်တာ ဖြစ်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: