Home News ဗိုလ်ချုပ်အောင်ဆန်း တံတားအမည်ပေး စီစဉ်မှု ရုတ်သိမ်းပေးရန် ဒေသခံများ ဆန္ဒပြ

ဗိုလ်ချုပ်အောင်ဆန်း တံတားအမည်ပေး စီစဉ်မှု ရုတ်သိမ်းပေးရန် ဒေသခံများ ဆန္ဒပြ

0
ဗိုလ်ချုပ်အောင်ဆန်း တံတားအမည်ပေး စီစဉ်မှု ရုတ်သိမ်းပေးရန် ဒေသခံများ ဆန္ဒပြ
(ဓာတ်ပုံ − သန္တာလှိုင် )

မွန်ပြည်နယ် မော်လမြိုင်မြို့နှင့် ချောင်းဆုံမြို့ ( ဘီလူးကျွန်း) တို့ကို ဆက်သွယ်တည်ဆောက်ထားသည့် တံတား ကို ဗိုလ်ချုပ်အောင်ဆန်းတံတားဟု အမည်ပေးခြင်းအပေါ် ဒေသခံများက ဆန္ဒပြလျက်ရှိသည်။ မတ်လ ၂ ရက်နေ့တွင် ချောင်းဆုံဒေသခံ လူအင်အား ၃၀၀၀ ကျော်က ဆန္ဒပြခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းတံတားဟု အမည်ပြောင်းလဲသတ်မှတ်ခြင်း အပေါ် ဒေသခံများ ကန့်ကွက်နေ သည့်ကြားကပင် တံတားအမည် ကို အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ အမည် နာမဖြင့် ဂုဏ်ပြုသတ်မှတ်ပေးပါ ရန် ဖေဖော်ဝါရီ ၂၈ ရက်က ကျင်း ပသည့် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်စတုတ္ထပုံမှန်အစည်း အဝေးတွင် မွန်ပြည်နယ်ပေါင်မြို့နယ် မဲဆန္ဒနယ် ဒီချုပ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်မိကွန်ချမ်းက အဆိုတင်သွင်းခဲ့သည်။အဆိုကိုကန့်ကွက်သူ နှစ်ဦး ရှိသော်လည်း ထောက်ခံသူများ ၍ လွှတ်တော်က လက်ခံဆွေး နွေးရန် အတည်ပြုခဲ့သည်။ ထိုကဲ့ သိ့ု ပြည်သူ့လွှတ်တော်က အဆိုကို လက်ခံဆွေးနွေးခြင်းသည် ဒေသ ခံဌာနေတိုင်းရင်းသားတို့၏ သ ဘောထားဆန္ဒနှင့် ဆန့်ကျင်နေရုံ မျှမက ပထဝီအနေအထားကိုအသိအမှတ်ပြုခြင်း မရှိသည့် သဘောသက်ရောက်နေပြီး အထက်မှ အောက်သို့ အမိန့်ပေးသကဲ့သိ့ု ဖြစ်နေသဖြင့် ကန့်ကွက် ဆန္ဒပြရသည်ဟု ဆန္ဒပြသူများကဆိုသည်။

ချောင်းဆုံမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ အောင်နိုင်ဦးက တံတားအား ဗိုလ်ချုပ်အောင်ဆန်း အမည်ပေးပါက မည်သို့မျှ လက်ခံနိုင်စရာ မရှိဟု ဆိုသည်။ ” နိုင်ငံတော်ရဲ့ Key Player တွေကို Message ပေးချင်တာက ငြိမ်းချမ်းရေးတည်ဆောက်တဲ့နေ ရာမှာ အမျိုးသားပြန်လည်သင့် မြတ်ရေးကို တည်ဆောက်တဲ့နေ ရာမှာ ပတ်ဝန်းကျင်အခြေအနေ ကောင်းကို ဖန်တီးပေးပါ။ ဒီလို မျိုးထိလွယ်ရှလွယ်တဲ့ ကိစ္စမျိုးကို ရှောင်ရှားပေးပါ’’ဟု ဒေသခံနိုင် တင်ညွန့်က ပြောသည်။ ဗိုလ်ချုပ်အောင်ဆန်း တံ တားအမည်ပေးခြင်းသည် နယ် မြေနှင့် လိုက်လျောညီထွေမှု မရှိ သည့်အပြင် ဒေသခံဌာနေတိုင်း ရင်းသားတို့၏ အမွေအနှစ်များနှင့် ပထဝီတည်နေရာကို အလေးမ ထား၊ မလေးစားရာရောက်နေ သည်ဆိုပြီး ယနေ့ဆန္ဒပြတောင်း ဆိုပွဲမှ ကြေညာချက်ထုတ်ပြန် ပြောကြားထားသည်။

ဗိုလ်ချုပ်အောင်ဆန်း တံ တားအမည်ပေးခြင်းကို ဆက် လက်အကောင်အထည်ဖော်မည် ဆိုပါက ယခုထက်ပိုမိုပြင်းထန် သည့် ကန့်ကွက်မှုဖြင့် ဒေသခံ၊မွန်လူထု၊ မွန်လူမှုအဖွဲ့အစည်း များက ဆက်လက်ကန့်ကွက်မည် ဟု ဦးဆောင်ကန့်ကွက်သူများက ပြောကြားလိုက်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: