Home Entertainment Celebrity U-Kiss အဖွဲ့ကနေ ထွက်ခွာတော့မယ်လို့ ကြေငြာလိုက်တဲ့ Kevin

U-Kiss အဖွဲ့ကနေ ထွက်ခွာတော့မယ်လို့ ကြေငြာလိုက်တဲ့ Kevin

0
U-Kiss အဖွဲ့ကနေ ထွက်ခွာတော့မယ်လို့ ကြေငြာလိုက်တဲ့ Kevin

K Pop အဆိုတော် တစ်ဦးဖြစ်တဲ့ Kevin ဟာ U-Kiss အဖွဲ့ကနေ ထွက်ခွာတော့မယ်လို့ တရားဝင် ကြေငြာခဲ့ပါတယ်။ Kevin နဲ့ U-Kiss အဖွဲ့နဲ့ စာချုပ်သက်တမ်းဟာ ၂၀၁၇ခုနှစ် မတ်လ မှာ သက်တမ်းပြည့်မှာ ဖြစ်တဲ့အတွက် မတ်လ အကုန်မှာ U-Kiss နဲ့ ထပ်မံ လက်တွဲတော့မှာ မဟုတ်ဘဲ လမ်းကြောင်းအသစ်ကို ဖောက်ထွက်မယ်လို့ သိရပါတယ်။

Kevin ဟာ ၂၀၀၈ ခုနှစ်ထဲက U-Kiss နဲ့ ၉ နှစ်တိုင်တိုင် လက်တွဲခဲ့တာ ဖြစ်ပြီး မတ်လ အကုန်မှာ နှုတ်ထွက်မှာပါ။ U-Kiss အဖွဲ့အစည်းအနေနဲ့ Kevin နဲ့ အကြိမ်ပေါင်းများစွာ ဆွေးနွေးပြီးနောက် အဆိုပါ ရလဒ်ကို ရလာတာ ဖြစ်ပါတယ်။ U-Kiss ဟာ Kevin ကို လက်မလွှတ်ချင်ပေမယ့် Kevin ရဲ့ နောင်ရေးနဲ့ လမ်းကြောင်းအသစ်ကို ထိုးဖောက်ချင်တဲ့ စိတ်ကြောင့် ဒါကို နားလည်ပါတယ်။ Kevin ကို လေးစားပါတယ်လို့ ပြောခဲ့ပါတယ်။ ဒါကြောင့် U-Kiss ဟာ မတ်လအကုန်ကျရင် အဖွဲ့ဝင် ၅ ဦးနဲ့သာ ဆက်လက်လည်ပတ်ရတော့မှာ ဖြစ်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: