
တောင်ကိုးရီးယားနိုင်ငံရဲ့ K Pop အဖွဲ့တစ်ခုဖြစ်တဲ့ KNK အဖွဲ့ဟာ သူတို့ရဲ့ တရားဝင် အရောင်ကို သတ်မှတ်ကြေငြာလိုက်ပြီ ဖြစ်ပါတယ်။ KNK အနေနဲ့ ရွှေနှင်းဆီနဲ့ ငွေမှုန်ရောင် ကို ရွေးချယ်လိုက်ပြီး ရွှေနှင်းဆီအရောင်ကို အောက်ခံ အရောင်အနေနဲ့ သုံးမှာ ဖြစ်ပါတယ်။ စာသားတွေကိုတော့ ငွေမှုန်အရောင်နဲ့ သတ်မှတ်မှာ ဖြစ်ပါတယ်။
ဘာကြောင့် ဒီအရောင်နှစ်ခုကို ရွေးချယ်ရလဲဆိုတော့ ရွှေနှင်းဆီအရောင်ဟာ KNK အဖွဲ့ရဲ့ နွေးထွေးမှုကို ဖော်ပြရည်ညွှန်းတာ ဖြစ်ပြီး ငွေရောင်ကိုတော့ KNK အဖွဲ့ရဲ့ တောက်ပအောင်မြင်တဲ့ သင်္ကေတ ကို ကိုယ်စားပြုတာ ဖြစ်တယ်လို့ ဆိုပါတယ်။ အောက်ပါပုံကတော့ KNK အဖွဲ့ရဲ့ အရောင်သတ်မှတ်ချက် ကို သရုပ်ဖော်ပြသ ထားတဲ့ပုံ ဖြစ်ပါတယ်။